Pages

Thursday, September 27, 2012

တရုတ်နှင့် အမေရိကန် အကြား မြန်မာသမ္မတဦးသိန်းစိန် ဟန်ချက်ညီရန် ကြိုးစား

သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံး)

နယူးယောက်မြို့တွင် ကြာသပတေးနေ့၌ ကုလသမ္မဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားမည့် သမ္မတဦးသိန်းစိန်၏ယခုသီတင်းပတ်အတွက် အဓိက တာဝန်မှာ အစိုးရအဖွဲ့၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်း လဲမှုများအား ကမ္ဘာ့ ပရိသတ် ရှေ့မှောက် တွင် ရှင်းလင်းတင်ပြရန် ဖြစ်သည်။
သူ၏ရည်ရွယ်ချက်မှာမြန်မာနိုင်ငံအား ဆယ်စုနှစ် တစုခန့်မျှ ဝန်ပိစေခဲ့သည့် အမေရိကန်၏ ပိတ်ဆို့အရေး
ယူမှုများ အားလုံးရုပ်သိမ်းလာစေရေး နှင့် ဖွံ့ဖြိုးရေး အကူအညီများ ရရှိလာရန်အတွက် ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တရုတ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ကုန်စည်ပြပွဲ တခု၌ ဦးသိန်းစိန် မိန့်ခွန်း
ပြောကြားရာတွင်မြန်မာနိုင်ငံတွင်နံပါတ်တစ်ရင်းနှီးမြှုပ်နှံသူဖြစ်သည့်တရုတ်အနေဖြင့် ယခုကာလများအ
တွင်း မြန်မာနိုင်ငံက အမေရိကန်နှင့် အနောက်နိုင်ငံများအား လက်ကမ်း ကြိုဆိုနေခြင်းအား ဘာမှစိုးရိမ်စရာ
 မရှိဟု တရုတ် ခေါင်းဆောင်များအား ပြောခဲ့သည်။

တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဝမ်ဘန်ဂေါင်း Wu Bangguo အပါအဝင် တရုတ် ထိပ်တန်း အရာရှိများသည် နှစ်နိုင်ငံ ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် ရည်ရွယ်သည့် အနေဖြင့် မကြာသေးခင်က နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ထံ လာရောက်လည်ပတ်ခဲ့ကြသည်။

ထို ခရီးစဉ်အတွင်းတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် စီးပွါးရေးနှင့် ကုန်သွယ်ရေး အကျိုးတူ စာချုပ် ကိုးခုနှင့် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက် စာချုပ် နှစ်ခုကို ချုပ်ဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး ဘေဂျင်း [တရုတ် အစိုးရ] မှာ ပထဝီ အနေအထားဆိုင်ရာ ဗျူဟာနဲ့ သက်ဆိုင်တဲ့ စိုးရိမ်သောကတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံအဖြစ် ကာလကြာရှည်စွာ ရှိနေခဲ့တဲ့ အနေအထားညတွင်းချင်းမပျောက်ပျက်သွားစေဘူးလို့အာမခံချက်ပေးတာကိုတရုတ်နိုင်ငံက အလိုရှိနေပါ
တယ်”ဟုသမိုင်းပညာရှင် နှင့် ဦးသိန်းစိန် အစိုးရ၏ အကြံပေးအဖွဲ့ဝင် တဦး ဖြစ်သူ ဦးသန့်မြင့်ဦး က Financial Times သတင်းစာ၏ ဆောင်းပါးတပုဒ်တွင် ရေးသားထားသည်။

“တရုတ်နိုင်ငံ ခရီးစဉ်ဟာ အကြောင်းအရာ များစွာနဲ့ သက်ဆိုင်နေပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အလျှင်အမြန် တိုးတက် ကောင်းမွန်လာခြင်း ကြောင့်တော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး  ထိပါးဖို့ မလိုပါဘူးဆိုတာကို သမ္မတ အနေနဲ့ အာမခံပေးနိုင်ဖို့ အရေးကြီးပါတယ်” ဟု ဦးသန့်မြင့်ဦး က ဆိုသည်။

တရုတ်နိုင်ငံ၏ရည်မှန်းချက်များထဲမှတခုမှာဒေါ်လာ၃.၇ ဘီလီယံ တန်ဖိုးရှိသော ကချင်ပြည်နယ်ရှိ အငြင်းပွါး
ဖွယ်ရာမြစ်ဆုံဆည်စီမံကိန်းအား ပြန်လည် စတင်ရန် ဖြစ်သည်။ ထိုမြစ်ဆုံဆည် စီမံကိန်းအား ပြည်တွင်းတွင် အပြင်းအထန်ဆန့်ကျင်ခဲ့ကြပြီးနောက် ယမန်နှစ်အတွင်းတွင် သမ္မတ ဦးသိန်းစိန်က ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံဆည် ကိစ္စအား ကန့်လန့်ကာ နောက်ကွယ်တွင် ဆွေးနွေးနေကြသည်ဟု ဆိုသည်။

တရုတ်အရာရှိများအနေဖြင့်မြန်မာနိုင်ငံ၏ပြည်သူ့ဆက်ဆံရေး ကမ်ပိန်းများတွင် ပါဝင်ကူညီနေကြပြီး ၎င်းတို့
စေတနာရှိကြောင်းကိုပြသရန်အတွက် ရွာများတွင် ကျောင်းများ၊ ဆေးပေးခန်းများ ဆောက်လုပ်ပေးခြင်းရေ
တွင်းများတူးပေးခြင်းအပါအဝင်အခြားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင်ကူညီဆောင်ရွက် ပေးနေကြသည်။

သို့ရာတွင် မကြာသေးခင်က ထောင်နှင့်ချီသော ရွာသားများသည် တရုတ်ပိုင် ကြေးနီ သတ္ထုတွင်း တခုအား တလခန့်ကြာသည့်ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြပြီးထိုစီမံကိန်းကြောင့်၎င်းတို့၏မြေများ မတရားသိမ်း
ပိုက်ခြင်း ခံခဲ့ရသည်ဟု ရွာသားများက ဆိုသည်။

တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ် နေစဉ်အတွင်း သမ္မတ ဦးသိန်းစိန် က ကြေညာချက် တစောင်ထဲတွင် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက မြန်မာနိုင်ငံကို အကူအညီ များစွာ ပေးအပ်ခဲ့ကာ မြန်မာနိုင်ငံ၏ အခက်ခဲဆုံးအချိန်များတွင်လည်းမြန်မာနိုင်ငံဘက်မှရပ်တည်ကာကူညီခဲ့သည်များကိုမြန်မာနိုင်ငံ ပြည်သူများ
အနေဖြင့် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ဟု ဆိုထားသည်။

“မြန်မာနိုင်ငံဟာလတ်တလောအချိန်မှာအပြောင်းအလဲကာလကိုရောက်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ
ဟာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးတိုးတက်လာစေဖို့ကိုအထူးအလေးထားတဲ့အပြင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံ
ရဲ့စစ်မှန်တဲ့မိတ်ဆွေနိုင်ငံအဖြစ်ရှုမြင်ခဲ့တဲ့မူဝါဒကိုလည်းပြောင်းလဲမှာမဟုတ်ပါဘူး”ဟု သမ္မတ ဦးသိန်းစိန်က တရုတ် ဒုသမ္မတ အား ပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။

သမ္မတဦးသိန်းစိန်အနေဖြင့်ကုလသမ္မဂ္ဂသို့ပြောကြားမည့် မိန့်ခွန်းထဲတွင် မြန်မာအစိုးရ၏ အောင်မြင်မှုများ
ထဲမှရာနှင့်ချီသည့်နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးခဲ့မှု၊တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအများ
စုနှင့်အပစ်အခတ်ရပ်စဲရေးစာချုပ်များချုပ်ဆိုခဲ့နိုင်မှု၊မီဒီယာ ဆင်ဆာဖြတ်တောက်မှုများအား ဖြေလျှော့ပေး
ခြင်း၊အလုပ်သမားဥပဒေသစ်နှင့်ဆန္ဒပြခွင့်ဥပဒေတို့အားအသားပေး ပြောကြားလိမ့်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင်သမ္မတ အနေနှင့် လွှတ်တော်သို့ အကြံပြုချက်များနှင့်တကွ ပြန်လည်ပေးပို့ တင်ပြထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အကြောင်းကိုလည်းအမွှမ်းတင်ပြောကြားဖွယ်ရှိသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ
အတွက် တရားမျှတမှု ရှိစေရန် မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်း အကြံပေးထားခြင်း ဖြစ်သည်။. 
 
 
  မဇ္ဈိမသတင်း

0 comments:

Post a Comment