Pages

Monday, September 24, 2012

I phone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သုံးခွင့်မရသေး

ဈေးကွက်၌အသစ်ရောက်ရှိလာသည့်iphone5သုံးစွဲရန်အတွက်ဆယ့်ငါးသိန်းတန်ဂျီအက်(စ်)အမ် ကိုင်ဆောင်
ထားသူများဆင်းကတ်အခက်အခဲရှိနေကြောင်းသိရသည်။နှစ်သိန်းတန်ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်
သာသုံးစွဲရန်အဆင်ပြေပြီးယခင်ဆယ့်ငါးသိန်းဂျီအက်(စ်)အမ်များဖြင့်သုံးစွဲ၍မရနိုင်ဘဲဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်
ပြည်တွင်း၌ iphone 5 မှာငါးသိန်းနှ“iphone 5 ရဲ့ ဆင်းကတ်ဆိုဒ်က 1.5 mm မို့လို့ ၁၅ သိန်းတန် ဂျီဆင်း ကတ်ကလွဲရင်ကျန်တဲ့ဂျီကတ်အကုန်လွတ်လွတ်ကင်းကင်းထည့်သုံးလို့ရနေတယ်”ဟုအထက်ပါ မိုဘိုင်းဆိုင်
မှ ဖြေသည်။

Iphone 5 အနေဖြင့် ယခုလအတွင်း ပြည်တွင်း မိုဘိုင်းဈေးကွက် ၌ ရေပန်း အစားဆုံး ဖြစ်ခဲ့သော်လည်း လက်
ရှိတွင် မိုဘိုင်းဖုန်းအားလုံး အသုံးပြု၍ မရနိုင်ခြင်းကြောင့် ၀ယ်ယူသူ နည်းပါးနေသေးကြောင်း မိုဘိုင်းဈေး
ကွက်မှ စုံစမ်းသိရှိရသည်။

“၀ယ်တော့ဝယ်ချင်တယ်။ ဒါပေမယ့် ဒီဆင်းကတ်ကြီးကိုသွားလဲ ကြည့်ရ ဦးမယ်။ အဆင်ပြေမှ ၀ယ်ကိုင်လို့ ရတော့မှာ” ဟု ဆယ့်ငါးသိန်းတန် ဂျီအက်စ်အမ် ကိုင်ဆောင်ထားသူ တစ်ဦးကပြောသည်။

ပြည်တွင်းသို့ ယခုလ (၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင် ၀င်ရောက်လာပြီး လက်ရှိတွင် ကျပ် (၁၂)
သိန်းခွဲ ခန့်ဖြင့် ရောင်း ချနေကြကြောင်း သိရသည်။


သုတလင်း
ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment

 
world time