ဗြိတိန်နိုင်ငံရှိကမ္ဘာ့ထိပ်တန်းအဆင့်ရှိကင်းဘရစ်ခ်ျတက္ကသိုလ်သည်လာမည့်နှစ်မှစ၍ မြန်မာကျောင်းသားများ
လာမည့်ပညာသင်နှစ်မှစတင်၍မြန်မာကျောင်းသားများမဟာဘွဲ့သင်တန်းတက်ရောက်နိုင်ရန်ပညာသင်ဆု
ရွေးချယ်ပေးအပ်ရန်စီစဉ်နေခြင်းဖြစ်ပြီးကျောင်းသားနှစ်ဦးကိုစိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကင်းဘရစ်ခ်ျတက္ကသိုလ်ကနေမြန်မာကျောင်းသားနှစ်ဦးကိုပညာသင်ဆုပေးဖို့သဘောတူထားတာရှိပါတယ်
ယ်။မြန်မာကျောင်းသားတွေအတွက်အခွင့်အလမ်းကောင်းတစ်ခုပါပဲဟုဗြိတိသျှသံရုံးမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ပညာသင်ဆုအတွက်ခေါင်းဆောင်မှုစွမ်းရည်ရှိသူများကိုရွးချယ်သွားမည်ဖြစ်ပြီးကင်းဘရစ်ခ်ျတက္ကသိုလ်တွင်
တစ်နှစ်ကြာမြင့်သည့်
မဟာဘွဲ့သင်တန်းကို တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင်နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက်ပြည်ပနိုင်ငံအစိုးရနှင့်ပညာရေးအဖွဲ့အစည်းများ
ကမြန်မာကျောင်းသားများအားပညာသင်ဆုအစီအစဉ်များဆောင်ရွက်ပေးရန် စိတ်ဝင်စားမှု မြင့်တက်နေ
သည်။
သို့သော်နိုင်ငံတကာတက္ကသိုလ်များတွင်ပညာသင်ဆုဖြင့်ပညာရပ်များလေ့လာသင်ယူနေသော မြန်မာကျောင်း
သား အရေအတွက်သည် အိမ်နီးချင်းနိုင်ငံများနှင့်
နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ နည်းပါးနေသေးကြောင်း ပညာသင်ဆုဖြင့်
ပြည်ပတက္ကသိုလ်များတွင် သွားရောက် ပညာဆည်းပူးခဲ့သူများက ဆိုသည်။
7Days News:
0 comments:
Post a Comment