တရုတ်မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ ZTEသည် Mozillaက
စတင်မိတ်ဆက်ရန် စီစဉ်ထားသည့် OSစနစ်ကို အသုံး
ပြုမည့် မိုဘိုင်းလ်ဖုန်း
အသစ်အား ရောင်းချသွားမည်ဟု သိရသည်။ Firefox OSကို အသုံးပြုထားသည့်
ဖုန်း
အသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်ထဲ ဖြန့်ချီရန် ZTEက စီမံကိန်း
ရေးဆွဲထားသည်။
ZTE၏ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ်ဒီရှူက ယခုကိစ္စကို
Reutersထံ အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ZTEသည် လတ်တလောတွင် Androidနှင့် Windows OSသုံး ဖုန်းများကိုလည်း
ထုတ်လုပ်လျှက် ရှိနေသည်။ ဒီရှူက Firefox OSကို အသုံးပြုထားသော
မိုဘိုင်းလ်ဖုန်းများထွက်ပေါ်လာခြင်းကကမ္ဘာ့စမတ်ဖုန်း ဈေးကွက်
အတွင်း
OSများ၏ ခွဲဝေနေရာယူမှုကို ပိုမို မျှတလာစေမည်ဟု သုံးသပ်ခဲ့သည်။
Firefox
OSနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း
အင်တာနက်တွင် ထွက်ပေါ်လာသည့် ပုံရိပ်များအရမူ Android၊ iOSတို့နှင့်
အမြင်အားဖြင့် သိသာစွာ ခြားနားကြောင်း သိရှိရ
သည်။
Planet Myanmar Media:
0 comments:
Post a Comment