ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍ စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်
ငံပိုင်CCTVဘာသာပြန်ထုတ်လွှင့်မှုမှာလွှဲမှားနေကြောင်းသိရှိရပါသည်။စိုင်းနော်ခမ်း သျှမ်းဘာသာ ပြော
ကြားချက်တွင်---------------‘ကျနော် စိုင်းနော်ခမ်း
အသက် ၄၄ နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ်
လူသတ်မှုနဲ့ပတ်သက်ပြီး အထင်မှားလို့ ကျနော့်ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင်
တရုတ်နိုင်ငံပိုင် CCTV က ‘Cause I planned and killed 13 Chinese on the
Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ် ၁၃ ဦးကို မဲခေါင်မြစ် အတွင်း
သတ်ဖြတ်ခဲ့တယ်’ ဟု အင်္ဂလိပ်ဘာသာပြန်၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။
“အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေ သျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊ ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးကတရားခံအဖြစ်တရားစီရင်လို့မရဘူး”ဟုသျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့

ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။
ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာ အမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင်စစ်ဆေးနေပါသည်။
စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။

http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်လည်တင်ပြထားပါသည်။
http://english.cntv.cn/program/newsupdate/20120917/102992.shtml

သျှမ်းသံတော်ဆင့်
0 comments:
Post a Comment