Pages

Monday, September 10, 2012

မြန်မာနိုင်ငံတွင်ပထမဦးဆုံး ထူးခြားသည့်အလှူအဖြစ်ပခုက္ကူမြို့တွင် သံဃာတော်များနှင့် သီလရှင်များအား ဘီပိုးကာကွယ်ဆေးထိုးလှူဒါန်းမည်

မြန်မာနိုင်ငံတွင်ပထမဦးဆုံးထူးခြားသည့်အလှူအဖြစ်သတ်မှတ်နိုင်မည့်မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့
ပေါ်ရှိရဟန်းသံဃာတော်အပါး(၂၄၀၀)ကျော်နှင့်သီလရှင်အပါး(၃၀၀)ကျော်တို့အားအသည်းရောင် အသား
ဝါ ရောဂါ ( B ) ပိုး ကာကွယ်ဆေး ထိုးပေးမည့် လှူဒါန်းမှု ကို ပြုလုပ်မည်ဖြစ်ကြောင်းသိရသ ည်။
ထိုင်ဝမ်နိုင်ငံ၊ ထိုင်ဝမ်ဘုန်းတော်ကြီး Ven-Hai-Tao အမှူး ရှိသော ဒကာ ဒကာမ များဧ။် ကောင်းမှု ဖြင့် လှူဒါန်းမည့်အဆိုပါ အစီအစဉ်အား ပခုက္ကူမြို့ ရှိ ဆရာတော်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖ များ ၊
အရပ်ဖက်အဖွဲ့အစည်းများစုပေါင်း၍လိုအပ်သည်များ ကူညီဆောင်ရွက်ရန် လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ပခုက္ကူမြို့၊မဟာဝိဇယရာမပါဠိတက္ကသိုလ်(အရှေ့တိုက်)အာသောကာရုံကျောင်းတော်၌ယနေ့ ၊ နေလည့်
(၂း၀၀)နာရီတွင် ကျင်းပ ခဲ့သည်။ 
 
အဆိုပါလှူဒါန်းမှုအတွက်ခန့်မှန်းကုန်ကျစရိတ်အဖြစ်ကျပ်သိန်းပေါင်း၁၂၀၀ခန့် ရည်မှန်းထားသည်ဟုဦး
ဆောင်ဆရာတော်တစ်ပါးကမိန့်ကြောင်းပခုက္ကူလူငယ့်အားမာန်အဖွဲ့ဥက္ကဌဖြစ်သူဦးငြိမ်းချမ်းစိုး ၏သတင်း
ပေးပို့မှုအရသိရသည်။
 
ပေါ်ပြူလာမြန်မာ

0 comments:

Post a Comment