Pages

Monday, September 10, 2012

မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေ သည့် ရွာသားတစ်ဦးအား သတင်းမေးရန်လာသူများကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပုံနေခြင်းဟုယူဆကာ ရဲကဖမ်းဆီးထိမ်းသိမ်း

မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး ရင်ပြင်တော်တွင် ပိတ်လှောင်ခံထားရသည့် အမျိုးသမီးများအား ယနေ့
နေ့လည် ၁၁ နာရီခန့်က ပြန်လွှတ်ပေး ပြီးနောက် အမျိုးသမီးများမှာ ရွာသို့မပြန်ဘဲ မုံရွာမြို့ နန်ချွန်ဆိပ်ကမ်း
တွင် ၀ိုင်းထိုင်နေသဖြင့် သက်ဆိုင်ရာက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပုံပေါ်နေခြင်းဖြစ်သည်ဟုယူဆကာမုံရွာ
မြို့ အမှတ်(၁)ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ဆုတောင်းပြည့်ဘုရားကြီးမှ ရွာသို့ပြန်သည့် အမျိုးသမီးများ နန်ချွန်ဆိပ်တွင် ၀ိုင်းထိုင်နေစဉ် သက်ဆိုင်ရာ
မှ ပြန်ရန်ပြောသော်လည်း မပြန်သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားကြီးတွင် ပိတ်လှောင်ခံရသည့် အမျိုးသမီး ၁၂ ဦးမှာ ယနေ့ နံနက်ပိုင်းက မုံရွာမြို့ပေါ်သို့ ဘုရားဖူးရန် မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေ သည့် ရွာသားတစ်ဦးအား သတင်းမေးရန် လာရောက်ကြခြင်းဖြစ်ပြီး
နန်ချွန်ဆိပ်ကမ်းတွင် ၀ိုင်းထိုင်နေခြင်းမှာလည်း

ဆန္ဒဖော်ထုတ်နေခြင်းမဟုတ်ဘဲ လူစောင့်နေခြင်းသာဖြစ်သည်ဟု အမျိုးသမီးများနှင့် နီးစပ်သူတစ်ဦးက
ပြောကြောင့် မုံရွာမြို့မှ  သတင်းပေးပို့သည်။
 
 
7days News:
 
 
 

0 comments:

Post a Comment

 
world time