Pages

Thursday, September 13, 2012

မန္တလေးတိုင်းတွင် မြေကွက်" ၃၀ဝ၀" ကျော်ကို စည်ပင်က ဖယ်ရှားခိုင်း

 
မန္တလေးတိုင်း ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့ နယ်တွေ က၃၃၄၄ ကွက်ကို လာမယ့် ၁၆ ရက်နေ့မှာ အပြီးပြော င်းရွှေ့ပေးဖို့ မန္တလေးမြို့ တော်ဝန်က ခေါ်ယူ သတိပေးလိုက်ပါတယ်။လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဒေသခံတွေဝယ်ယူထားတဲ့မြေကွက်ပေါင်း၃၃၄၄ကွက်ကိုမြို့တော်ဝန် နဲ့ မြို့ တ်ာစည်ပင်သာ
ရေးအဖွဲ့တွေက ဖယ်ရှားခိုင်းခဲ့တယ်လို့ မန္တလေးမြို့ ခံဦးကိုလေး က ပြောပါတယ်။“မဖယ်ရှားရင် လူအင်အား၊ စက်အင်အားနဲ့ ဝင်ထိုးပြီး ဖျက်ဆီးပစ်မယ်ဆိုတဲ့ ပုံစံမျိုး။ ၁၆ ရက်နေ့မှာ အားလုံး
 မိမိစရိတ်နဲ့ မိမိဘာသာ အပြီးဖယ်ပေးဖို့။ စည်ပင်သာယာရေး ကော်မတီကေန သူတို့ပိုင်ဆိုင်ကြောင်း ကြေ
ညာတယ်။တကယ်တမ်းဆိုရင်စီးပွားရေးလုပ်ငန်းရှင်နဲ့ စည်ပင်သာယာအဖွဲ့အစည်း ပေါင်းပြီး ပြည်သူလူထု
ကို နှိပ်စက်တဲ့ ပွဲတပွဲ၊ မောင်းထုတ်တဲ့ ပွဲတပွဲလို ဖြစ်နေတဲ့အတွက် စိတ်မေကာင်းစရာ ဖြစ်ရတယ်။ ”

ပြောင်းရွှေ့ရမယ့်အိမ်မြေတွကေတာ့ချမ်းမြသာစည်မြို့နယ်ကအောင်သာယာ၊ကန်သာယာ ရပ်ကွက်၊ ပြည်
ကြီးတံခွန်မြို့ နယ်က ကန်ကြီးကုန်၊ ဇီးအုပ် ရပ်ကွက်တွေနဲ့ အမရပူရြမို့နယ်က ကုန်းတန်းနဲ့ ရေအိုးစဉ်တန်း ရပ်ကွက်တွေက မြေကွက်ပေါင်း ၃၃၄၄ ကွက်ဖြစ်ပါတယ်။

နဂိုကတည်းက ဒီမြေကွက်အေရာင်းအဝယ်မှာ တရားဝင်ဖြစ်မှုအတွက် မြေဂရမ်တွေ ပါဝင်ခြင်း မရှိဘဲ စွန့်
စားပြီး ဝယ်ယူကြတာ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

ကနဦးပိုင်းက မြို့ ပြင်မှာ ဖြစ်ပေမယ့် နောက်ပိုင်းမြို့တွေ ချဲ့ထွင်လာတဲ့အခါ မြေနရာတွေ ဈေးကောင်း လာပြီး
 အခုလိုဖယ်ခိုင်းလာတာဖြစ်တဲ့အကြောင်းနဲ့ဩဂုတ်လတုန်းကလည်းဒီနေရာတွေကနေဖယ်ပေးဖို့ သတင်း
စာတွေကေန သတိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။


မန္တလေးမြို့အရှေ့ဖျားမှ မြို့ ကွက်သစ်အိမ်မြေ
                                         အကွက် အကွင်းတစ်ခုကို တွေ့ရစဉ်။
                                                   ဓာတ်ပုံ - ဖြိုးဝေကျော်
 
                                   
ဒီမြေနရာတွေကို တပ်မေတ်ာအစိုးရလက်ထက် ၁၉၉၄ ခုနှစ်ကတည်းက လယ်သမားတွေဆီကေန သိမ်းယူခဲ့ပါတယ်။အဲဒီအချိန်ကလျော်ကြေးတစုံတရာမပေးဘဲသိမ်းခဲ့ပေမယ့်မနေ့ကလုပ်တဲ့ အစည်းအဝေး
မှာတောင်သူတွေကိုလျော်ကြေးပေးပြီးသိမ်းခဲ့တယ်လို့ပြောဆိုတာဟာ  မမှန်ကန်ကြောင်းလည်း တောင်သူ
ကြီးဖြစ်ခဲ့တဲ့ ဦးကျော်ညွန့်က ပြောပါတယ်။

“မေန့က မြို့ တော်ဝန်ကြီး ပြောခဲ့တဲ့ စကားက တောင်သူတွေကို တဧကကို ၄၀ဝ၀ နှုန်းပေးတယ်။ ၃ ဧက
အထက်ကို မြေနှစ်ကွက် သုံးကွက်ပေးတယ်ဆိုတာ မဟုတ်ပါဘူးဗျာ။ မမှန်မကန်ပြောတာပါ။ တောင်သူတွေ မရပါဘူး။ မရတာကို အြေခခံပြီး တောင်သူတွေက အကွက်တွေ ရိုက်ပြီး ရောင်းပါတယ်။

 ရောင်းပြီးနေတဲ့သူတွေကိုသူတို့အဓမဖယ်ရှားမယ်လို့သူတို့လုပ်ပါတယ်။ဒါကိုနထိုင်တဲ့ပုဂ္ဂိုလ်တွေကလည်း အစိုးရဝန်ထမ်းတွေ အများကြီးပါပါတယ်။ ရပ်ကွက်ထဲမှာ သိန်း ၅၀ဝ၊ ၁၀ဝ၀ ဖြစ်တော့မဝယ်နိုင်တော့ ဒီ
ဘက်မှာ ဝယ်နေကြတာပါဗျ။”

အဆိုပါမြေနရာကိုဝယ်ယူတဲ့သူအများစုဟာဝန်ထမ်းဟောင်းတွေနဲ့မရှိဆင်းရဲသားတွေ များပြီး မြို့ တွင်းမြေ
နေရာတွေ ဈေးကြီးတဲ့အတွက် မြို့ စွန်တွေမှာ ဝယ်ယူနေထိုင်ကြရတာ ဖြစ်ပါတယ်။

လာမယ့် ၁၆ ရက်နေ့ အြပီးမြေပာင်းပေးရင် ဝင်ရောက် ဖျက်ဆီးမယ် ဆိုတာကြောင့် ဒေသခံတွေ စိုးရိမ်နေ
ကြရတယ်လို့လည်း ဦးကျော်ညွန့်က ပြောပါတယ်။


DVB (မြန်မာပိုင်း)

0 comments:

Post a Comment

 
world time