Pages

Thursday, September 13, 2012

လွှတ်တော်ဂျာနယ်အမှတ်(၁) ကို စတင်ထုတ်ဝေ

စက်တင်ဘာ ၁၀ ရက်နေ့စွဲနဲ့ လွှတ်တော်ရုံးက ထုတ်ဝေတဲ့ လွှတ်တော်ဂျာနယ်အမှတ်(၁) ကို ဒီကနေ့ ရန်ကုန်ဈေးကွက်မှာစတင်ဖြန့်ဖြူးပါတယ်။ဒီဂျာနယ်ထဲမှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ အဖွဲ့ဝင်တွေ
ကိုစွတ်စွဲပြစ်တင်ခြင်းနဲ့ ပါတ်သက်တဲ့ အစီရင်ခံစာတွေ ဆောင်းပါးတွေ ကိုဦးစားပေးဖော်ပြထားပါတယ်။ အခြားအကြောင်းအရာတွေအဖြစ် လွှတ်တော် အမတ်ဦးရေ၊နိုင်ငံရေးပါတီအလိုက် ဦးရေ၊ လွှတ်တော်နဲ့ ပါတ်သက်တဲ့ ဆောင်းပါးတွေ၊လွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မရှင်နဲ့ ကော်မတီ တာဝန်ရှိသူတွေစာရင်း စတာတွေဖော်ပြထားပြီး စာမျက်နှာ ၃၂ မျက်နှာ ပါပါတယ်။ 
 
ဒီဂျာနယ်ကို လမ်းဘေးဂျာနယ်ဆိုင်တွေမှာ တစ်စောင်ကို ကျပ် ၅၀၀ နဲ့ ရောင်းချနေကြောင်းရန်ကုန်မြို့ခံ
တွေက ပြောပြကြပါတယ်။
 
-DVB

0 comments:

Post a Comment

 
world time