Pages

Monday, September 3, 2012

မအူပင် ကွန်ပျူတာမှ ကျောင်း သား ၁၃ ယောက် စာမေြးေ ဖခွင့်မရပဲ၊ ကျောင်း ထုတ်ခံရတော့မည်



မအူပင် ကွန်ပျူတာမှ ကျောင်းသား ၁၃ ယောက် စာမေးဖြေခွင့် မရပဲ၊ ကျောင်းထုတ်ခံရတော့မည် ။မအူပင် ကွန်ပျူတာတက္ကသိုလ်မှကျောင်းသား၁၃ယောက်အားကျောင်းခေါ်ကြိမ်မပြည့်ဆိုသည့် အကြောင်းပြချက်
ဖြင့် ကျောင်းအုပ်ကြီးနှင့် မော်ကွန်းထိန်းတို့မှ စာမေး ပွဲဖြေဆိုခွင့် မပေးဟု ထုတ်ပြန်ထားသည်။ 
ယင်းကိစ္စနှင့် ပတ်သက် ပြီး ကျောင်းသားများမှ သမ္မတထံ တိုင်းကြားသည့် စာတွင် ဖော်ပြထား သည်။ယင်းကျောင်းသားများအားညွှန်ကြားရေးမှူးအမိန့်စာ အရ၊ ကျောင်းပညာရေးအဖွဲ့မှ ခေါ်ယူတွေ့ဆုံခဲ့
ပြီးစာမေးပွဲဖြေဆိုခွင့်ပေးထားပြီးဖြစ်သည်။၎င်းတို့ထပ်ကျောင်းခေါ်ကြိမ်နည်းသောသူများကို စာမေးပွဲဖြေဆို
ခွင့် ပြုထားမှုများရှိနေသည်။

 ကျောင်းခေါ်ကြိမ်နည်းသောကျောင်းသူတဦးထံမှကျောင်းအုပ်ဆရာမဒေါ်သဲနုဖြူ၊မော်ကွန်းထိန်းဒေါ်ဝင်းဝင်း
မာတို့မှငွေ၅သိန်းစီယူပြီးစာမေးပွဲဖြေဆိုခွင့်ပေးကာ၊အခြားကျာင်းသားများ ကိုလည်း ဖြေဆိုခွင့် ပေးခဲ့သည်။

 ယခု ကျောင်းသား ၁၃ ဦးတွင် မအူပင် ဗကသ ဥက္ကဋ္ဌ ကိုသီဟတင့်လွင် (ဂုဏ်ထူးတန်း) နှင့် အဖွဲ့ဝင် ကိုလှမျိုးဟန် နှင့် ကိုပြည့်စုံထွန်းတို့ ပါရှိသည်။ ဗကသအဖွဲ့ဝင်များ ဖြစ်သောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် ကိစ္စလည်း ဖြစ်သည်။

တက္ကသိုလ်စာမေးပွဲများကို လာမည့် စက်တင်ဘာ ဒုတိယပတ်တွင် ပြုလုပ်မည် ဖြစ်ရာ၊ စာမေးပွဲ အလွန်နီးကပ်နေပြီး၊ အခြားဆရာ၊ ဆရာမများ၊ မိဘနှင့် ကျောင်းသားများ သဘောမတူသည့်ကြားမှ သူတို့ ၂ ဦးတည်း သဘောထားဖြင့် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်ဖြစ်ပြီး၊ လာဘ်စားမှု၊ မမျှတမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ 
 
 ကျောင်းသား ၁၃ ဦး စာမေးပွဲ ဖြေခွင့်ရရေးမှာ အလွန်အရေးကြီးနေပြီး၊ ယင်းကိစ္စအား သမ္မတနှင့် အာဏာပိုင် အဆင့်ဆင့်မှာ အရေးယူဆောင်ရွက်ရန် တိုင်ကြားထားပြီး၊ ကျနော်တို့ သမဂ္ဂအသီးသီးမှ ဝိုင်းဝန်းတောင်းဆိုကြရန် သတင်းထုတ်ပြန်လိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

0 comments:

Post a Comment

 
world time