Pages

Monday, September 3, 2012

မန္တလေးမြို့ တွင် သမ္မတကြီးရပ်တည်ချက်အား ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ဒုတိယနေ့အား ခွင့်မပြု




မန္တလေးမြို တော်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်မည့် နိုင်ငံတော်သမ္မကြီး၏ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်
သောရပ်တည်ချက်ကို ထောက်ခံသည့်  အရှင်ဝီရသူ ဦးဆောင်သည့်သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာဆန
္ဒဖော်ထုတ် မှုခွင့်ပြုမိန့်အား  ယနေ့ ပြန်လညရုပ်သိမ်းခံခဲ့ရကြောင်း မြို့ခံများထံက သိရှိရသည်။

 ဒီနေ့ မန္တလေးမှာတော့  ဆရာတော်လည်း ခွင့်ပြုမိန့်ရုတ်သိမ်းခံရလို့ မလုပ်တော့ဘူး၊ ခွင့်ပြုမိန့်တင်ခဲ့တဲ့ ဦးဆောင်သူတွေလည်း မ
လုပ်ဖြစ်တော့တဲ့အကြောင်း အသိပေးထုတ်ပြန်ထားပါတယ်ဟု မန္တလေးမြို့ခံ တစ်ဦးက ထောက်ခံဆန္ဒပြပွဲ မလုပ်ဖြစ်တော့သည့် အပေါ်တွင် အတည်ပြုပြောကြားခဲ့သည်။

စက်တင်ဘာ(၃)ရက်နေ့တွင် ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူများက ပြုလုပ်ခြင်းမရှိသော်လည်း    ကသဖ မှ ရဲမင်းသိန်း
ဦးဆောင်သည့် လူ(၅၀)၀န်းကျင်ပါဝင်သောအဖွဲ့က အာဇာနည်ကုန်းဘက်သို့ ချီတက်နေကြောင်းကိုလည်း မြို့ခံများထံက သိရ
သည်။

ယနေ့ စက်တင်ဘာ(၃)ရက်နေ့ ပျက်ပြယ်ခဲ့ရသည့် အစီအစဉ်မှာ ချမ်းအေးသာစံမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာလ (၂)ရက်
နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဆရာတော်ဝီရသူထံက သိရှိရသည်။

မစိုးရိမ်တိုက်သစ်မှ  ဆရာတော်ဝီရသူဦးဆောင်သော  ရခိုင်အရေးတွင် သမ္မတကြီးအား ထောက်ခံပွဲကို စက်တင်ဘာလ (၂)ရက်
နေ့မနက် (၁၀)နာရီက မဟာအောင်မြေမြို့နယ် ၃၅လမ်း ၊ ၈၄လမ်းနှင့် ၈၅လမ်းကြားရှိ မြတောင် ကျောင်းတိုက်တွင် စတင်လူစုပြီး ချီတက် လှည့်လည်ခဲ့ကြသည်။

အဆိုပါထောက်ခံမှုသည် နိုင်ငံတော် သမ္မတကြီးအားထောက်ခံပြီး ကုလသမဂ္ဂမှအထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားကို ဆန့်
ကျင်ကန့်ကွက်သည့်ပွဲဖြစ်ပြီး အမှတ်တရတီရှပ်များ ဆင်တူဝတ်ဆင်ကာ စီတန်းလှည့်လည် ခဲ့ခြင်းဖြစ်သည်။

လူဦးရေနှစ်ရာသာခွင့်ပြုထားသော စီတန်းလှည့်လည်ခွင့်တွင် ရဟန်းသံဃာများနှင့်အတူ ရခိုင်အရေးထောက်ခံ သည့်သူများပါဝင်
ခဲ့ပြီး စုစုပေါင်း လူတစ်သောင်းနီးပါး ပူးပေါင်းပါဝင်ခဲ့သည်။

 သမ္မတကြီးမပြောခင်ကတည်းက အပြည့်အ၀ထောက်ခံပြီးသားပါ ၊ UN ရုံးမှာဆန္ဒပြတဲ့ ရန်ကုန်က ကျနော်တို့မိတ်ဆွေတွေလဲ ဒီ
နေ့မန္တလေးပွဲမှာ လာရောက်ပူးပေါင်းခဲ့တာတွေ ရှိပါတယ် ဟု အဆိုပါချီတက် ပွဲတွင် ပါဝင်သူအမျိုးသားတစ်ဦးက ပြောကြားခဲ့
သည်။

ယနေ့ပြုလုပ်သော စီတန်းလှည့်လည်မှုတွင် အထက်ဗမာပြည် ဗကသ မှ ပူးပေါင်းပါဝင်မှုရှိကြောင်းတွေ့ရှိရပြီး အခြားအဖွဲ့အစည်း
များ မှလည်း လာရောက်ပူးပေါင်းခဲ့ကြသည်။

0 comments:

Post a Comment

 
world time