CDMA 800 MHz ဖုန်းများအား
ငွေကျပ်တစ်သိန်းကျော်ဖြင့် ရောင်းချပေးဟုဆိုသည့် သတင်းမှာ
မဖြစ်နိုင်ကြောင်း ရောင်းချခွင့်မပေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
သိရှိရသည်။လက်ရှိတွင်မြန်
မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်း သုံးသောင်းတန် CDMA 800 MHz ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှသိရသည်။
ဆက်သွယ်ရေးဝန်ဆောင်မှူပေးမည့်Operatorအဖြစ်ဆောင်းရွက်လိုသောအဖွဲ့အစည်းများသည် ၀န်ဆောင်
မှုလိုင်စင်ရရှိရေးအတွက် ဦးစီးဌာနနှင့်ဝန်ကြီးဌာနများ၌ လိုင်စင် လျှောက်ထားရမည် ဖြစ်သည်။
“လက်ရှိMECအနေနဲ့ဆက်သွယ်ရေးအော်ပရေတာအတွက် လိုင်စင်လျှောက်ထားခြင်းမရှိသေးဘူးအော်ပ
ရေတာအဖြစ်မသက်မှတ်နိုင်သေးပါဘူး။ဒါကြောင့်MECကုမ္ပဏီက တန်ဖိုးနည်းဖုန်း ရောင်းချ ပေးမယ်ဆို
တာမဖြစ်နိုင်ပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီး ဌာနရှိ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ
တန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ရောင်းချပေးမည်ဟု
ဖုန်းအရောင်းဆိုင်များ၊ရပ်ကွက်များနှင့်ဈေးများတွင်သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ဆက်သွယ်
ရေး အရာရှိက
ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုဘိုင်းဖုန်းအရောင်းအ၀ယ်ဈေးကွက်တွင်
အောက်တိုဘာလ(၂)ရက်နေ့တွင် ငွေကျပ်တစ်သိန်းသုံး သောင်းဖုန်းများ
ထွက်ပေါ်မည်ဖြစ်ကြောင်း မင်္ဂလာဈေးဖုန်းအရောင်းဆိုင်များက သိရှိရသည်။
“ကျွန်မတို့တော့
၂ ရက်နေ့လောက် ထွက်မယ်လိုကြားတယ်၊ ဟုတ်လား၊ မဟုတ်လားဆိုတာ တော့
မသိရှိရသေးဘူး၊ ခုလောလော ဆယ်တော့ အရောင်းအ၀ယ်တွေပါးနေတယ်” ဟု မင်္ဂလာဈေးအတွင်း ဖုန်းအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိအမျိုးသမီး တစ်ဦးက ပြောသည်။
မြစ်မခသတင်း
0 comments:
Post a Comment