Pages

Saturday, August 4, 2012

ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့နေရာ အတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် လျာထား

ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့နေရာ အတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် လျာထားကြောင်း နေပြည်တော် အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

ဦးတင်အောင်မြင့်ဦး ဒုသမ္မတ(
၁)နေရာကနေ နှုတ်ထွက်သွားပြီးနောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုတပ်မတော် ကိုယ်စားလှယ်တွေက အဆိုပြုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့အတွက် ဦးမြင့်ဆွေဟာ ဒုသမ္မတဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့သတင်းတွေ ကြားသိရပါတယ်။

အဲဒီနောက် တပ်မတော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို အဆိုတင်သွင်းလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။





RFA (Burmese)

0 comments:

Post a Comment

 
world time