Pages

Saturday, August 4, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ၄ နာရီကြာ တွေ့ဆုံ

Photo: သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး
ခဲ့ကြ ပါတယ်။

(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး website)
(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး website)
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ယနေ့(သြဂုတ်၎ရက်) နံနက်၉နာရီမှ မွန်းလွဲ ၁နာရီ၁၅မိနစ်ထိ လေးနာရီကျော်ကြာ သမ္မတကြီး၏ လယ်တောရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

သမ္မတနှင့်တွေ့ဆုံခဲ့သော ပါတီ၁၄ခုတွင် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီအချို့လည်း ပါဝင်ပြီး ပါတီ၁၄ပါတီမှ ခေါင်းဆောင်၁၆ဦး တက်ရောက်ခဲ့သည်။


 နိုင်ငံတော်သမ္မတသည် ဇူလိုင်၁၈ရက်ကလည်း လယ်တောရိပ်သာမှာပင် ဒီမိုကရေစီမိတ်ဆွေ၁၀ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။


အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မိမိတို့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး ပြဿနာကနေ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။

"သမ္မတက သူလုပ်တာကိုင်တာ သူ့သဘောထားတွေ သူ့အခက်အခဲတွေက အစ ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ ၂၅ နှစ် ပတ်ဝန်းကျင်မှာပေါ့နော်။ အဲဒီလိုမျိုး ရှင်းပြတာ တခါမှ မကြုံဖူးသေးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် တိုက်ရိုက်ရှင်းပြတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့ အလားအလာပါ။"

ဒါ့အပြင် ပင်လုံစိတ်ဓါတ် အခြေခံနဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ညီလာခံတရပ် ခေါ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း သမ္မတဦးသိန်းစိန်က ပြောပြခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့တော့ သတင်းအချက်အလက် အမှားတွေအပေါ် အခြေခံပြီး အစွန်းရောက် အစ္စလမ်ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် လာမှာကို ကြိုတင် ကာကွယ်နိုင်ဖို့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ရန်လိုကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။

သတင်း မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆွေးနွေးရာမှာတော့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ဆောင်ရွက်ကြဖို့ လိုကြောင်း သမ္မတက တုန့်ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။



နေပြည်တော်

0 comments:

Post a Comment