Pages

Tuesday, August 14, 2012

အင်းလေးကန်မတိမ်ကောစေရန် ရုပ်သံပညာပေးဇာတ်လမ်းများဖြင့် အကာအကွယ်ပြုသင့်



အင်းလေးဒေသ၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများက ဟောပြောပွဲများ ပြုလုပ်နေမည့်အစား 

ရုပ်သံပညာပေးဇာတ်လမ်းတို ထုတ်လွှင့်ပြသခြင်းဖြင့်အင်းလေးကန် မတိမ်ကောစေရန် ကာကွယ်သင့်ကြောင်းတောင်ကြီးဟိုတယ်

ဇုန်ဥက္ကဌက အကြံပြုပြောကြားခဲ့သည်။

“ အင်းသူအင်းသားတွေက နေ့ဘက်အလုပ်လုပ်ပြီးရင် ညနေဘက် အပြင်မထွက်တော့ဘူး တီဗွီကြည့်ကြတာများတယ်ဟော

ပြောပွဲလာဖို့ အချိန်မပေးကြတော့ဘူး” ဟု တောင်ကြီးဟိုတယ်ဇုန် ဥက္ကဌဒေါ်တင်တင်ရီက ပြောသည်။ရုပ်မြင်သံကားမှဇာတ်လမ်း

များပြသခြင်းဖြင့်  ဒေသခံများ အသိပညာတိုးပွားအောင် ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံတကာမှလည်း အင်းလေးဒေသသို့ စိတ်ဝင်

စားမှုမြင့်တက်ကာ လာရောက်လည်ပတ်မှု နှုန်းမြင့်မားလာနိုင်ကြောင်းကိုလည်း သုံးသပ်ခဲ့သည်။



ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးခရိုင် ပင်းတယမြို့နယ် ကျုံးကျေးရွာမှ ဒေသခံအချို့သည် တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်း

ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရသောကြောင့် ဟောပြောပွဲတက်ရောက်ရန် အခက်အခဲဖြစ်နိုင်ကြောင်း ဒေသခံအချို့က 

ဆိုသည်။ “လေးလတစ်ရာသီသဘောမျိုးနဲ့ စပါးစိုက်ပြီး လေးလကြာရင် ဂေါ်ဖီစိုက်တယ်။ နောက်လေးလကြာရင် အာလူးစိုက်

တယ် ။အဲ့ဒီလိုနဲ့ဘဲ  အချိန်ကုန်နေတော့ ဟောပြောပွဲတွေလာလုပ်ရင်တောင် မတက်ဖြစ်တာများတယ် ”ဟု ပင်းတယမြို့နယ် 

ကျုံးကျေးရွာမှ အသက်(၅ဝ)ကျော် ဦးထွန်းစိန်က ပြောသည်။



၂ဝ၁၁ ခုနှစ်အတွင်းတွင်NGO အသင်းအဖွဲ့များမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအနေဖြင့် လာရောက်ဟောပြော

ခြင်းများ ပြုလုပ်နေသော်လည်း ယနေ့အချိန်ထိ ဒေသခံများမှာ ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ အသိတရား အားနည်းချက်များရှိ

နေသောကြောင့် အင်းလေးကန်တိမ်ကောသွားနိုင်ကြောင်း ဟိုတယ်ဇုန်ဥက္ကဌက ဆက်လက် ပြော ကြားခဲ့သည်။



“ Site effect သက်ရောက်ဖို့ဆိုရင်NGO  အသင်းအဖွဲ့တွေရော အစိုးရပိုင်းကရော  ဒေသခံတွေရော အကုန်ပူးပေါင်းပြီးတော့

လုပ်ဆောင်သင့်တယ် ပူးပေါင်းဆောင်ရွက်မှု မရှိရင်တော့ မကြာခင်အင်းလေးကန်က ကောသွားနိုင်တယ်” ဟု ဟိုတယ်ဇုန်ဥက္ကဌ

ဒေါ်တင်တင်ရီက ပြောသည်။



ယခုနှစ်ပိုင်းတွင် လူမှုရေးလုပ်ငန်းပါဝင်မှု၌ လူငယ်များပါဝင်မှုများပြားလာသည်ကို တွေ့ရှိရသော်လည်း လူကြီးများမှာ စားဝတ်နေ

ရေးအတွက် စီးပွားရေးလုပ်ကိုင်ခြင်း၊စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်နေခြင်းတို့ဖြင့် အချိန်ကုန်ဆုံးမှုများ ပြားသည့်အတွက်ပတ်

ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်မှု နည်းပါးနေသေးကြောင်း အင်းလေးဒေသရှိ လူမှုရေးအဖွဲ့အစည်း အသိုင်းအဝိုင်းက 

သိရှိရသည်။


အင်းလေးကန်တွင်  ခရမ်းချဉ်သီးစိုက်ပျိုးရာ၌ ဓာတုဗေဒဓာတ်မြေသြဇာသုံးစွဲခြင်းကြောင့် ငါးမျိုးပြုန်းတီးရခြင်း၊ ရေဆိုးရေညစ်များ

ဖြစ်ပေါ်ရခြင်းတို့ဖြစ်ပွားလာရကြောင်းကိုလည်း သိရှိရသည်။ သစ်ခုတ်မှုများပြားလာခြင်းကြောင့် ကမ္ဘာကြီးပူးနွေး လာကာ အင်း

လေးကန်လည်း တိမ်ကောသွားနိုင်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။



“သစ်ခုတ်ရင်ဘယ်လိုဥပဒေနဲ့အရေးယူမယ်ဆိုပြီး သစ်ခုတ်တာတွေကို အခုတားမြစ်တာ မဟုတ်ရင် ကမ္ဘာကြီးပူနွေးလာ တာ ပို

ဆိုးတော့မယ်” ဟု လွယ်ငြိမ့်ကျေးရွာအစုအဖွဲ့ပိုင်တောဥက္ကဌဦးစံထွန်းက ပြောသည်။



အင်းသူ၊ အင်းသားများသည် အဓိကအားဖြင့် ရေပေါ်တွင် ခရမ်းချဉ်သီးစိုက်ပျိုးခြင်း ၊ အိမ်ဆောက်ခြင်း ၊ခြေထောက်ဖြင့် လှေလှော်

ကာ ငါးဖမ်းထွက်ခြင်းများ ပြုလုပ်လေ့ရှိုပြီး ကမ္ဘာလှည့်ခရီးသွားများစိတ်ပါဝင်စားမှုများသည့် ဒေသဖြစ်သည်။




ဝင့်သင်ဇာကျော် (မြစ်မခ)





0 comments:

Post a Comment

 
world time