Pages

Tuesday, August 14, 2012

တောင်ကြီးမြို့ မွတ်စလင်လူငယ်များတစ်စုမှကောင်းမှုပြုလုပ်



ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ်ရှိ ထီးခမ်းစိုက်ပျိုးရေးအလုပ်စခန်းရှိ အကျဉ်းသား ၃၀၀ ကျော်ကို တောင်ကြီးမြို့ ရှိမွတ်စလင်လူငယ်များတစ်စုမှ ဒုတိယအကြိမ်မြောက် ကျွေးမွေးအလှူဒါနပြုခဲ့ကြပါတယ်။
လူမျိုးဘာသာစုံအကျဉ်းသားအားလုံး ၃၀၀ ကျော်ကို ထမင်းတစ်နပ်ကျွေးမွေးခဲ့ကြပြီး အကျဉ်းကျနေသူမွတ်
စလင် (၉)ဦးကိုလည်း ရမ်မဇာန်လစားသုံးရန် ဆန်အိတ်နှင့်စားဖွယ်ရာတို့ ကိုပေးအပ်ခဲ့ကြပါတယ်။





 ယင်းအကျဉ်းစခန်းတွင် မွတ်စလင်များအဖို့ ရမ်မဇာန်လ၌ကောင်းမွန်စွာ ရိုဇာဥပုဒ်စောင့်စည်းခွင့်ရကြောင်း
သတင်းရရှိပါတယ်။ ရမ်မဇာန်လအပြီးတွင်လည်း တတိယအကြိမ်လှူဒါန်းကျွေးမွေးမည်ဖြစ်ပါသဖြင့်ဒါနပြုလို
သူများအောက်ပါဖုန်းနံပါတ်တွင်မေးမြန်းစုံစမ်းနိုင်ပါတယ်။

၀၉ ၅၂၁၃၆၉၂ -ကိုလတ်(တောင်ကြီး)
mmstudentyouth(MMSY)

0 comments:

Post a Comment