Pages

Thursday, August 16, 2012

ပြီးခဲ့တဲ့ အိုလံပစ်အားကစားပြိုင်ပွဲမှာ ရွှေတံတိပ်ရဖို့ တရုတ် ကလေးငယ်တွေကိုဒီလိုလေ့ကျင့်ပေးခဲ့ကြတယ်တဲ့

 
ဒီရက်ပိုင်း အွန်လိုင်းမှာ လူပြောများနေတဲ့ အကြောင်းအရာ တခုက တရုတ်နိုင်ငံ နန်နင်းမြို့က အားကစားရုံတခုမှာ ကလေးတွေ အားကစားချန် ပီယံဖြစ်ဖို့ အပြင်းအထန် လေ့ကျင့်ပေးနေတဲ့ ဓာတ်ပုံတွေ အြေ ကာင်း ဖြစ်ပါတယ်။ဒီလိုမျိုး အားကစားရုံကို နိုင်ငံအနှံ့မှာ တွေ့ရတယ်လို့ ဒီဓာတ် ပုံတွေ တင်ထားတဲ့ ၀က်ဆိုက်က ဆိုပါတယ်။
မိဘများက သူတို့ရဲ့ကလေးတွေကို အဲဒီ အကြင်နာကင်းတဲ့ လေ့ကျင့်ရေးစခန်းတွေဆီ ပို့နေကြတယ် တဲ့။
(Photo 1)

(Photo 2) 

(Photo 3) 

(Photo 4) 

(Photo 5) 

(Photo 6) 

(Photo 7) 

(Photo 8) 

(Photo 9) 

(Photo 10) 

(Photo 11) 

(Photo 12) 

(Photo 13) 

(Photo 14) 

(Photo 15) 

(Photo 16) 


ဟိုတနေ့ကပြီးဆုံးသွားတဲ့လန်ဒန်အိုလံပစ်မှာတရုတ်ကိုယ်စားပြုအားကစားသမားတွေ ဆုတံဆိပ်အများ
အပြား ဆွတ်ခူးသွားနိုင်တာ ဒီလို ပြင်းထန်ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကြောင့်များလား?

၅ နှစ် ၆ နှစ်တောင် ရှိဟန်မတူသေးတဲ့ ကလေးတွေကို ဒီလိုပုံနဲ့ ကျင့်ပေးတာ အပြင်းအထန် ဝေဖန် မှတ်ချက်ပြုခံနေရပါတယ်။သို့သော်လည်း ဒီလို လေ့ကျင့်ပေးတာနဲ့ ပတ်သက်ပြီး စာဖတ်သူတယောက်ရဲ့ တုံ့ပြန်ချက်က မတူကွဲပြားနေပါတယ်။

သူပြောတာက ဒီလိုပါ -

မနာကျင်ခဲ့၊ မငိုခဲ့ရဘဲ အပြုံးနဲ့ လေ့ကျင့်ခဲ့ရတယ် ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ရှိရင် ပြပါအုံး။အနာခံမှ 
အသာစံရမယ် ဆိုတဲ့ စကားပုံလည်း ရှိတယ် မဟုတ်လား။

ကျုပ် ၃ နှစ်အရွယ်တုန်းက တခြားကလေးတွေ ဆော့ကစားနေချိန်မှာ ကျုပ်ကို မိဘတွေက တယောထိုးခိုင်းထားတယ်။ အင်မတန် စိတ်ညစ်ဖို့ကောင်းပါတယ်။ ခုတော့ ကျုပ် အဲဒါကို ကြိုက်နေပြီ။
မီဒီယာမှာ ဖော်ပြထားတာတွေထဲက ယူရမှာက အားကစားသမားတွေ ဘယ်လို ကြိုးစားခဲ့တယ် ဆိုတာပါ၊
အားကစားသမားတွေ လေ့ကျင့်တာကို အဆိုးမြင်ဖို့၊ မနာလိုဖြစ်ဖို့ မဟုတ်ပါဘူး။ဒါဟာကွန်မြူနစ်၊ အရင်းရှင်
စနစ်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။အဲဒီစကားလုံးတွေ ခေတ်ကုန်သွားပါပြီ။

လူသားတွေအနေနဲ့ ကျုပ်တို့ ညီညွတ်သင့် (ဒီအောင်မြင်မှုတွေကို) ၀မ်းမြောက်ဝမ်းသာ ဖြစ်သင့်ပါတယ်။
ဂြိုလ်သားတွေလာတိုက်တဲ့အချိန်မှကျုပ်တို့အချင်းချင်း ညီညွတ်ဖို့လိုပြီဆိုတဲ့အခြေအနေအထိ စောင့်မနေ
ကြပါနဲ့တော့။

အငြင်းပွားစရာ ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ သူ့မှတ်ချက်တွေကလည်း အငြင်းပွားစရာ ဖြစ်နေပါတယ်။

အိုလံပစ်ရွှေရဖို့ တရုတ်မှာ ဘယ်လို စခန်းသွင်းနေသလဲ၊ ဒီလို လေ့ကျင့်တာတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီလဲ၊အားကစားသမားတွေကို ငယ်ကတည်းက ဒီလိုမှ မကျင့်ပေးခဲ့ဘူးဆိုရင်
အိုလံပစ်မှာရွှေမချိတ်တော့ဘူးလားဆိုတာတွေကလည်းဆက်လက် စူးစမ်းလေ့လာသင့်တဲ့အချက်တွေ
ပဲ ဖြစ်ပါတယ်။

ဧရာဝတီ,မြန်မာ့သားကောင်း

0 comments:

Post a Comment

 
world time