ခြားခြား ဖန်တီးလိုက်တာကတော့ ဒိုက်ထိုးမယ့် ဘက်စ်ကားပါတဲ့။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အဆိုပါကားကို စတင်စမ်းသပ်
နိုင်ခဲ့ပါတယ်။
ဆန်နီဟာ ဟော်လန်ကနေ အဆိုပါ ဘက်စ်ကားကို ၀ယ်ယူခဲ့ပြီးတော့ ကြီးမားတဲ့ လူသား လက်မောင်းပုံစံ စက်လက်တံကြီးကို တပ်ဆင်ခဲ့တာပါ။ ဒီ လျှပ်စစ်စွမ်းအားသုံး လက်ကြီးတွေဟာ အဆိုပါ ဘက်စ်ကားကို မတင်ပြီးတော့ ဘက်စ်ကားဟာ ဒိုက်ထိုးနိုင်မှာဖြစ်ပါတယ်။
ဘက်စ်ကားကြီး ဒိုက်ထိုးတဲ့အချိန်တိုင်းမှလည်း အားတင်ပြီး ဒိုက်ထိုးတဲ့ အသံထွက်ပေါ်လာမှာဖြစ်ပြီးတော့ ဘက်စ်ကားရဲ့ ပြုတင်းပေါက်တွေမှာလည်း အရုပ်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
“အားကစားသမားတိုင်းရဲ့ လေ့ကျင့်ခန်းတွေထဲမှာ မပါမဖြစ်ကလည်း ဒိုက်ထိုးခြင်းပဲလေ” လို ဆန်နီက ပြောသွားပါသေးတယ်။ ဆန်နီကတော့ သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို London Booster လို့ နာမည်ပေးထားပါတယ်။ သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို လောလောဆယ် လန်ဒန်က Czech Olympic House တည်ရှိရာ Islington မှာ ထားရှိပါတယ်။
မူရင်း(link)
0 comments:
Post a Comment