Pages

Sunday, August 12, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောကြားပါတယ်။
ဒီကနေ့ တွေ့ဆုံ မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့မီးရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ကြောင်း၊ သမ္မတဦးသိန်းစိန် အနေနဲ့ မတူ
တာတွေ ဘေးဖယ်ပြီး
၊ နိုင်ငံနဲ့လူမျိုးအတွက် တူညီတာတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာ ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦးက RFA ကိုပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လက တစ်ကြိမ်၊အခုနှစ် ဧပြီလက တစ်ကြိမ် နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သမ္မတတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း နိုင်ငံရေးပါတီအများအပြားနဲ့ တွေ့ဆုံခဲ့ပြီး ၊များမကြာခင် မှာလည်း ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။




RFA (Burmese)

0 comments:

Post a Comment

 
world time