Pages

Wednesday, August 1, 2012

လစာတပြေး ညီတိုးပေးရန် (Tefel) ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ဆန္ဒပြ

လစာတပြေး ညီတိုးပေးရန် (Tefel) ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ဆန္ဒပြတောင်းဆို နေ ကြောင်း


သိရသည်။

အဆိုပါ စက်ရုံမှာဒဂုံမြို့သစ် တောင်ပိုင်းစက်မှုဇုန်(၁)တွင်ဖြစ်ပြီးလစာ တိုးရာတွင် ဝန်ထမ်းဟောင်း နှင့်


ဝန်ထမ်း သစ် ခွဲခြားတိုးပေးခြင်းကြောင့် ယနေ့နံနက်တွင် စတင်ဆန္ဒပြနေကြောင်းသိရသည်။


''လစာတိုးတဲ့ကိစ္စမှာကျွန် တော်တို့လူဟောင်းတွေကိုအက်ဖ်အီးစီ၃ ကျပ်ပဲတိုးပြီး တစ်နှစ်မပြည့်သေးတဲ့



လူသစ် တွေကိုတော့ ၁၀ဝတိုးပေးတယ်။ဒါလုံးဝ မဖြစ်သင့်ဘူးထင်လို့ဆန္ဒပြတာပါ။ လူသစ် တွေလည်း 


ဆန္ဒပြတော့ အတူတူပါဝင်ပါ တယ်။ အခုအလုပ်သမားအကုန်လုံး ဆန္ဒပြ နေတာပါ။ 






ကျွန်တော်တို့ တောင်းဆိုတာက တန်းတူ တိုးပေး စေချင်တယ်။တောင်းဆို တာမရ မချင်း 


အလုပ်တွေကိုရပ်ထားမှာပါ'' ဟုအဆိုပါ စက်ရုံမှဆန္ဒပြ အလုပ်သမား တစ်ဦးကပြောသည်။



စက်ရုံပိုင်ရှင်မှာ တရုတ်လူမျိုး ဖြစ်ပြီးဝန်ထမ်း၅၀၀ ဝန်းကျင်ရှိကြောင်း၊ လက်ရှိဆန္ဒပြနေရာ သို့မြို့နယ် 



အလုပ်သ မားရုံးမှ တာဝန်ရှိသူများ ကလာရောက်ညှိ နှိုင်းဆောင်နေသည်ဟုအလုပ်သမားများ ထံမှသိ ရ 


သည်။




Yangon Media Group:

0 comments:

Post a Comment

 
world time