Pages

Wednesday, August 1, 2012

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)

ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။



ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖော
က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

0 comments:

Post a Comment

 
world time