Pages

Friday, July 6, 2012

ဦးလထော်ဘရန်ရှောင်ကို လွှတ်ပေးရန် ကချင်စစ်ပြေး ဒုက္ခသည် တို့ ယနေ့ဆန္ဒဖော်ထုတ်

 

ဖမ်းဆီးခံ ထားရသော ဦးလထော် ဘရန်ရှောင်အား လွှတ်ပေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်များက သောကြာနေ့ နံနက် ၉ နာရီမှ ၁၂ နာရီခွဲထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဂျန်မိုင်ကောင် ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မဆရာ
 ဦးအောင်မြတ်က ပြောသည်။


ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မည်သူကိုမှ မတရားစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်း မပြုလုပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် စစ်ပြေးဒုက္ခသည်များကို လုံခြုံမှု ရရှိအောင် ကာကွယ်ပေးရေး စသည့်အချက် ငါးချက်ပါစာတမ်းများကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးမြတ်အောင်က မဇ္ဈိမကိုပြောသည်။

ဂျန်မိုင်ကောင်ရပ်ကွက် ဆွမ်ဘရာဘွမ်လမ်းမှ ဘုရင်နောင်လမ်းတလျောက် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး၊ ထိုမှတဆင့်
မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမှတဆင့် ဂျန်မိုင်ကောင်း ရပ်ကွက်သို့ ပြန်လည်ဝင်ရောက်၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြ ခြင်းဖြစ်သည်။


ဦးလထော် ဘရန်ရှောင်အား လွှတ်ပေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

ဂျန်မိုင်ကောင်းရပ်ကွက်မှ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁ဝ,ဝဝ ခန့် ပါဝင်သည့် ဆန္ဒဖော်ထုတ်ဖေါ်မှုတွင် မြစ်ကြီးနားမြို့ ကချင်ခရစ်ယာန်အသင်းတော်မှ လူငယ်ပေါင်း ၂ဝဝ ကျော်ကလည်း လုံခြုံရေးအတွက် ပူးပေါင်းပါဝင် ကူညီခဲ့ကြသည်ဟုလည်း သိရသည်။

ဘီနှိုင်းစ အနံ ၃ ပေ၊ အလျား ၁ဝ ပေတွင် အင်္ဂလိပ်၊ ကချင်၊ မြန်မာဘာသာများဖြင့် ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်းတော် KBC ငြိမ်းချမ်းစွာ ဆန္ဒပြမှတ်တမ်းဆိုသည့် စာတန်းကို ကိုင်ဆောင်၍ ဓမ္မသီးချင်းများ သီဆို၍လည်း ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

အစောပိုင်း စီတန်းလှည့်လည်မည့် လမ်းကြောင်းမှာ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း- ဒူကထောင်လမ်း- ရုံးကြီးလမ်း- သခင်နက်ဖေလမ်း-ဘရင့်နောင်လမ်း-အောင်ဆန်းလမ်း - ဒူကထောင်လမ်းမှ ဂျန်မိုင်ကောင် စစ်ရှောင်စခန်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ခဲ့သော်လည်း အစိုးရရုံးများ စိုက်ထားသော ရုံးကြီးလမ်းကို ဖြတ်သန်းခွင့် မပြုခဲ့ကြောင်း သိရသည်။ သို့သော် ဆန္ဒဖော်ထုတ်မှု ပြီးဆုံးသည်အထိ မည်သည့် အနှောက်အယှက်မှ မရှိခဲ့ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်သည် ကချင်လွှတ်လပ်ရေး တပ်မတော် KIA အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် စရဖနှင့် အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့များက ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုထားသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ပြည်နယ်တရား လွှတ်တော်ရုံးတွင် ဖြောင့်ချက်ယူစဉ် ဦးလထော် ဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးခဲ့မှုကို တရားသူကြီးများ စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၂၉ ရက်နေ့မှာ ပြည်နယ် ဝန်ကြီးချုပ် ဦးလချွန်ငံဆိုင်းထံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ပြုရန် ဂျန်မိုင် ကောင်း ရပ်ကွက်မှာ သာဘာရေးခေါင်းဆောင်များ စာတင်ခဲ့ရာ တရားဝင် ခွင့်ပြုချက်မရသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည်။

ဦးလထော်ဘရန်ရှောင်တို့ မိသားစုသည် ၂ဝ၁၁ ခုနှစ်  ဇူလိုင်လ အစိုးရနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားနေသူ ဝိုင်းမော် မြို့နယ် အင်ပွန်ကျေးရွာမှ ထွက်ပြေးလာပြီး ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် လာရောက်နေထိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။

ဦးလထော်ဘရန်ရှောင်သည် ရိုးသားသူတဦးဖြစ်ကာ အမှုစစ်ဆေးရာတွင် ဖိအားပေး စစ်ဆေးမှုမရှိပါက အမှုမှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်းလည်း ဦးအောင်မြတ်က ပြောသည်။

“သူက ရိုးသားတဲ့ လူတယောက်ပါ။ သူက ဘယ်ဘက်နား နည်းနည်းထိုင်းတယ်။ လေးတန်းပဲ တက်ဖူးတာ။ အဲဒါကြောင့် တရားရေးရာအရ လွတ်မယ် ဆိုတာကို ယုံကြည်ထားပါတယ်။ စစ်မှန်သောနည်းအားဖြင့် စစ်ဆေးခဲ့ရင် လွတ်မှာပါ။”ဟု မဇ္စျိမကို ပြောသည်။

သောကြာနေ့တွင် ဦးလထော်ဘရန်ရှောင်ကို ကချင်ပြည်နယ် တရားလွတ်တော်ရုံးတွင် အမှုစစ်ဆေးရန် ရုံးချိန်း ရှိသော်လည်း လာမည့် ၁၁ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။ သူ၏ အမှုကို အမျိုးသားဒီမိုရေစီ အင်အားစု NDF ပါတီဝင် ရှေ့နေ ဦးဂျီမာခါးက လိုက်ပါ ဆောင်ရွက်ပေးနေသည်။

Ref: ချင်းမိုင်(မဇ္စျိမ)

0 comments:

Post a Comment