Pages

Friday, July 6, 2012

မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော် မဟုတ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သတိပေးပြောကြား




“မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော်မဟုတ်ဘူး အဲဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ အချိန်တွေမကုန်ရအောင် မရောင်ရာဆီလူး မလိုတဲ့စကားတွေပြောပြီး အချိန်ဖြုန်းနေရင် မိမိတို့ရဲ့လုပ်ငန်းမှာ အနှောက်အယှက် ရှိမှာဖြစ်တဲ့အတွက် ဒါကိုတော့လွှတ်တော်ကိုယ်စားလှယ်များအားလုံးသိရှိနားလည် စေချင်ပါတယ် ။

မိမိတို့နိုင်ငံအနေနဲ့ သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်းချင် ရင် အတွေအခေါ် ခံယူချက် အယူအဆကောင်းတွရှိဖို့လိုပါတယ် ဒါကြောင့် မိမိအနေန့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားချင်တာရှိပါတယ် ပြီးခဲ့တာတွေပြီးပြီ ဒါတွေကို အပြစ်တင်ဝေဖန်နေမယ့်အစား အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက် သင့်တယ်လို့တိုက်တွန်းလိုပါတယ်။ 

ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ့အသံနားထောင်စေချင်ပါတယ် ပြီးရင် လွှတ်တော်မှာ ရဲရဲဝံ့ဝံ့သတ္တိ ရှိရှိ နဲ့တင်ပြကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Messenger News Journal 

0 comments:

Post a Comment

 
world time