တစ်ခါတစ်ခါ
ငါ့ကိုယ်ငါမမှတ်မိဘူး
ငါ့ကိုယ်ငါမမှတ်မိဘူး
လူထူးလူဆန်းလိုမင်သက်
စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ...
ပျော့ညံ့လိုက်တာကွာ
တစ်ခါတလေကျ
ငါ့ဟာငါတောင်အံ့သြ
နှမြောတသ ဖြစ်နေမိသေးတယ်...
နေရာလွဲမှားသွားလို့
ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့
ငါ့ရဲ့မာနအတွက်လေ...
သေပစ်လိုက်စမ်းပါလား
(တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... )
တစ်ခါတစ်ရံ
ပြန်ပြန်မေးယူရတယ်
ငါဟာငါဟုတ်သေးရဲ့လား
ပထမတန်းစားသတ္တိတွေနဲ့
သူရဲကောင်းတံဆိပ်တွေ အခါခါရ...
မိုးမလင်ချင်ကြတော့ဘူး...
(အိပ်မက်တွေကချိုတယ်... )
အဲဒါနဲ့...
ကာလတွေသာကြာရော...
ဝိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ
မှန်တစ်ချပ်လည်းကွဲကျ... ။
(ကျကွဲခြင်းမဟုတ်ပါ...)
မနော်ဟရီ
Manor Hary
0 comments:
Post a Comment