ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၁၇ ရက်ကြာ ဥရောပခရီးစဉ်များ အောင်မြင်စွာပြီးဆုံးပြီးနောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ TG-303 လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥရောပခရီးစဉ်တွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လက်ခံရယူခြင်း၊ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယခုခရီးစဉ်သည် သူမအတွက် ၂၄ နှစ်တာကာလအတွင်း ပထမဆုံး ပြည်ပဥရောပခရီးစဉ်တစ်ရပ်ဖြစ်သည် ။ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီဝင်များ၊ ပြည်သူများက အလံများ၊ ပန်းစည်းများဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
0 comments:
Post a Comment