Pages

Pages - Menu

Saturday, June 30, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၁၇ ရက်ကြာ ဥရောပခရီးစဉ်များ အောင်မြင်စွာပြီးဆုံးပြီးနောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ TG-303 လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာ



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၁၇ ရက်ကြာ ဥရောပခရီးစဉ်များ အောင်မြင်စွာပြီးဆုံးပြီးနောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ TG-303 လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်
 ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥရောပခရီးစဉ်တွင် ၁၉⁠၉၁ ခုနှစ်က ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လက်ခံရယူခြင်း၊ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ 
ယခုခရီးစဉ်သည် သူမအတွက် ၂၄ နှစ်တာကာလအတွင်း ပထမဆုံး ပြည်ပဥရောပခရီးစဉ်တစ်ရပ်ဖြစ်သည်။ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီဝင်များ၊ ပြည်သူများက အလံများ၊ ပန်းစည်းများဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာရောက်ကြိုဆိုသည့် အနုပညာရှင်အချို့












































ဓါတ်ပုံ - ပေါ်ပြူလာဂျာနယ်



























ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ဒေါက်တာဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ- ဂျေမောင်မောင် ( အမရပူရ )
















ဓာတ်ပုံ- ဥက္ကာကိုကို


Ref by: Popular Myanmar News Media:

No comments:

Post a Comment