Pages

Thursday, May 31, 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း

                                  ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း 

အလုပ်သမားများနှင့် တွေ့ဆုံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ  ထောင်ပေါင်းများစွာ
နဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။


RFA
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံ အားပေးစကား ပြောကြားနေစဉ်။
 
ထိုင်းနိုင်ငံမှာ အခက်အခဲများစွာ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံ
ရပ်တည်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကားပြောခဲ့သလို သူတို့အားလုံး တနေ့မှာ မြန်မာပြည် ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက အိမ်ပြန်လိုကြပါပြီ။ မြန်မာပြည် လွတ်မြောက်ပါစေ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသလို တချို့ကတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။
မြန်မာအလုပ်သမားတွေက သူတို့ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားသောက်စရာ အခွင့်အလမ်း မရှိတာကြောင့် ထိုင်းနိုင်ငံမှာပဲ ခက်ခက်ခဲခဲ ရပ်တည်နေရပြီး ကျန်ရစ်တဲ့ မိသားစုတွေကို ထောက်ပံ့နေရကြောင်း သတင်းထောက်တွေကို ပြောကြပါတယ်။

ထိုင်းအစိုးရက မနေ့က သုဝဏ္ဏဘူမိ လေဆိပ်တလျှောက်မှာ လုံခြုံရေးကို အထူးတင်းကြပ်ထားသလို ဒီကနေ့ မဟာချိုင်မှာလည်း ရဲတပ်ဖွဲ့ အင်အား ၄၀၀ ကို နေရာချထားခဲ့ပါတယ်။

RFA-Burmese 
ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment

 
world time