Pages

Wednesday, August 24, 2016

၎ လောင်းပြိုင်လူသတ်မှု၏ ဖေ့စ်ဘွတ်ခ်ပေါ်မှဂယက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူရှင်းလင်း

RangonNewsDaily::Wednesday. August 24. 2016 
၎ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေပေါ်မှာ ရေးသား ဖော်ပြနေတာတွေဟာ ကောလာဟလတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန် ထားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရွှေနံ့သာကျေးရွှာအုပ်စု ပတ္တမြား မြို့သစ်မှာ နေထိုင်တဲ့ ရဲဝန်ထမ်းဟောင်း ကိုစိုးနောင်နဲ့ မိသားစုဝင် ၃ ကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေမှာ မူးယစ်ဆေးဝါးဖမ်းဆီးခဲ့မှုကြောင့် အငြိုးနဲ့ သတ်ဖြတ်တာတွေ ကိုစိုးနောင်ကိုယ်တိုင်က စိတ်ဖောက်ပြန်ပြီးမိသားစုကိုသတ်တာ စတဲ့ ထင်မြင်ချက်အမျိုးမျိုး ရေးသားမှုတွေရှိနေပါတယ်။
.
ဒါ့အပြင် သြဂုတ်လ ၂၂ ရက်နေ့မှာပဲ ဖမ်းဝရမ်းထုတ်ထားတဲ့ ပုံနဲ့ အမျိုးသားသုံးဦးပုံ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တွေ့ရပြီး ဒီထုတ်ပြန်ချက်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာ မဟုတ်ဘူးလို့ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အမှုမှန် အမြန်ဆုံးပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တာကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လိုကောက်ချက်မှမချချင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲမှူးလှဝေကပြောပါတယ်။
အသတ်ခံခဲ့ရတဲ့မိသားစုဝင် ၄ ဦးရဲ့ဈာပနကို သြဂုတ်လ ၂၂ ရက်နေ့ ရေဝေးသုသာန်သင်္ဂြိုဟ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူများလိုက်ပါပို့ဆောင်ခဲ့ပါတယ်။
By ခိုင်ပန်းနု
DVB







0 comments:

Post a Comment