ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများအနက် ပက်စ်ပို့ သက်တမ်းကုန်ဆုံးသူ တစ်ရက်လျင် တစ်ထောင်ကျော်ထိ ရှိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမား ကွန်ရက်မှ သိရသည်။
'' မြန်မာအလုပ်သမားတွေအတွက်က ဥပဒေအရ ကာကွယ်ပေးမူတွေ အများကြီး လိုအပ်ပါတယ်။ အခုဆိုရင် သက်တမ်းကုန်တဲ့သူတွေက တစ်နေ့ကို တစ်ထောင် အနည်းဆုံးရှိတယ်။နေ့တိုင်း ကုန်နေတာ''ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမား ကွန်ရက်မှ ကိုစိန်ဌေးကပြောကြားသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအနက် လူဦးရေ ၂ ဒသမ ၄ သန်းခန့်သာ ပက်စ်ပို့နှင့် ပန်းရောင်ကတ်ကို ကိုင်ဆောင်ထားနိုင်ပြီး အများစုမှာ အဆင်မပြေကြောင်း သိရသည်။
ဓာတ်ပုံ-www.khaosodenglish.com
စည်သူ (china.com)
KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment