Pages

Saturday, April 30, 2016

အွန်လိုင်းတွင် တွေ့ဆုံချစ်ကြိုက်ရာမှ ခိုးယူပေါင်းသင်းသည့် အမျိုးသားကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

RangonNewsDaily::April . 30 .2016
မှော်ဘီမြို့နယ် သန္ဓေ ပင်ကျေးရွာအုပ်စု ကြက်ဖြူကန် ကျေးရွာနေ အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူ အောင် အောင်(ခ) အောင်နန်းမိုးသည် ဧပြီ ၂၆ ရက်တွင် မှော်ဘီမြို့နယ်နေ အသက် (၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူမည်ဟုဆိုကာ လှည်းကူးမြို့နယ်ရှိ တည်းခိုခန်း၌ အတူနေထိုင်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
.
‘‘ကောင်မလေးကို ခိုးမယ်ဆိုပြီး လှည်းကူးကိုထွက်လာတယ်။ ပြီးတော့ တည်းခိုခန်းမှာ အတူ နေတယ်။ အသုံးစရိတ်ကိုတော့ ကောင်မလေးဆွဲကြိုးကိုပေါင်ပြီး သုံးတယ်။ ပြီးတော့ ကောင်မလေးအိမ်ကို လိုက်ပို့ပေးပြီး နောက်နေ့ မိဘတွေနဲ့ တောင်းမယ်ပြော တယ်’’ဟု ၎င်းကပြောသည်။
.
အောင်အောင် (ခ) အောင် နန်းမိုးနှင့် အသက် (၁၆)နှစ်အ ရွယ် အမျိုးသမီးငယ်တို့သည် အင်တာနက် Bee Talk မှတစ်ဆင့် လွန်ခဲ့သည့်နှစ်လခန့်က ခင်မင်ရာ မှ ချစ်ကြိုက်ခဲ့ပြီးနောက် ခိုးယူ ပေါင်းသင်းခဲ့ခြင်းဖြစ်သည်။
.
‘‘ကောင်မလေးက ကောင် လေးအကြောင်းကို စုံစမ်းတယ်။ သူနေတဲ့ရွာမှာ စုံစမ်းကြည့်တဲ့အခါမှာ ကောင်လေးမှာ မိန်းမနဲ့ ကလေးနှစ်ယောက် ရှိတယ်ဆိုတာ သိသွားတယ်။ ဒါကြောင့် စခန်း မှာ ဧပြီ ၂၈ ရက်မှာ အမှုလာဖွင့် တယ်။ သူ့ကိုတော့ ည ၇ နာရီ ကျော်အချိန်မှာမိတယ်။ အမှုကို ဆက်ပြီးစစ်နေပါတယ်’’ဟု မှော် ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။
.
ပြစ်မှုကျူးလွန်သူ အောင် အောင်(ခ) အောင်နန်းမိုး အသက်(၂၇)နှစ်ကို မှော်ဘီမြို့မရဲစခန်းက တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
.
ခုနစ်လကျော်အတွင်း အဆိုပါ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည့် အမှုပေါင်း ၁၄၀ ရှိပြီး အမျိုးသားများထက် အမျိုးသမီး များ အမှုဖွင့်တိုင်ကြားမှုပိုများကာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားသည့် အမျိုးသမီး အမှုခုနစ်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ စာရင်းထုတ်ပြန်ချက်များအရ သိရသည်။
7Day::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment