ဦးထင်ကျော်ကို NLD ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ က ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်ပါတယ်။ပြည်သူ့ လွှတ်တော်ဟာ လူအများစုလွှတ်တော်ဖြစ်တဲ့ အတွက် ပြည်သူ့ လွှတ်တော်ကတင်မြှောက်တဲ့ ဒုတိယ သမ္မတ ဟာ သမ္မတဖြစ်လာဖို့ သေချာ သလောက်ပါပဲ။
ဦးထင်ကျော်ဟာဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သားဖြစ်ပါတယ်
၁၉၄၆ ဇူလိုင် ၂၀ တွင်မွေးဖွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တ
နှစ် ငယ်သူဖြစ်ပြီးမက်ဒရစ်ကျောင်း(အထက ၁ ဒဂုံ )တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကျောင်းတက်ခဲ့ကြပါတယ်
လက်ရှိမှာတော့ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင်တာဝန်ယူဆောင်ရွက်နေသူပါ
ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံနှင့် စိတ်ချရသူတစ်ဦးလဲဖြစ်ပါတယ်။
ပထမဦးဆုံး နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့သွားရောက်ပညာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောNLD ပါတီသို့
ဝင်ရောက်ခဲ့သည်။
.
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ်သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ်လည်းကောင်း မိသားစုမျိုးရိုးသမိုင်းကြောင့်လည်းကောင်း ရိုးသားဖြောင့်မတ်သောစိတ်ထားရှိ၍လည်းကောင်း စသည့်အရည်အချင်းများကြောင့်NLD ၏ သမ္မတလောင်းစာရင်းတွင် တစ်ပေးခြင်းခံထားရသူတစ်ဦးဖြစ်လာခဲ့သည်။
NLD နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး ဒေါ်စုစုလွင်၏ ခင်ပွန်းလည်းဖြစ်သည်။
BBC ::--KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment