Pages

Wednesday, March 2, 2016

မရမ်းကုန်းမြို့နယ်တွင် ကိုရီးယားနိုင်ငံသားတဦး ဟိုတယ်ပေါ်မှ ပြုတ်ကျသေဆုံး


RangonNewsDaily::March . 2 .2016
မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်တဲ့ နိုင်ငံခြားသားတစ်ဦး ဒီနေ့မနက် ၆ နာရီလောက်က တိုက်ပေါ်မှ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။
ဒီပြုတ်ကျမှုကို မရမ်းကုန်းမြို့မရဲစခန်းက သွားရောက်စစ်ဆေးတဲ့အခါမှာတော့ ပြုတ်ကျသူ ဟာ အသက် ၃၅ နှစ်အရွယ် ကိုးရီးယားနိုင်ငံသား Mr.KIN HYOGUN ဖြစ်ပြီး ဒီဟိုတယ်မှာ ဇန်န၀ါရီလ ၂၁ ရက်နေ့ကတည်းက လာရောက်တည်းခိုနေထိုင်သူဖြစ်ပြီး သူတည်းခို နေထိုင်တဲ့ အခန်းအတွင်းတွင် သေတမ်းစာတစ်စောင်ရေးသားထားခဲ့တယ်လို့ သိရပါတယ်။
.
ကိုရီးယားနိုင်ငံသား ပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်လို့ မရမ်းကုန်းမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၆)နဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
DVB::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment