Pages

Monday, February 29, 2016

သင်္ဃန်းကျွန်းမြို့နယ် နေအိမ်တစ်အိမ်တွင် ကျပ်သိန်းလေးထောင်ခန့် တန်ဖိုးရှိ ရွှေတုံးများ ခိုးယူခံရ

RangonNewsDaily:: February . 29 .2016
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ (၂၃)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ကျပ်သိန်းလေးထောင်ခန့်တန်ဖိုးရှိ ရွှေတုံးများနှင့် ကျပ်သိန်း ၃၀ ကျော် ခိုးယူခံခဲ့ရသဖြင့် ဖေဖော်ဝါရီ ၂၇ ရက်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

သုဝဏ္ဏနယ်မြေ (၂၃) ရပ် ကွက် ကံ့ကော်မြိုင်လမ်းအတွင်း နေထိုင်သည့် အသက် (၃၈)နှစ် အရွယ် ဒေါ်ခင်စောယုဝင်းနှင့် မိ သားစုဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်က ခရီးထွက်သွားခဲ့ပြီး ပြန်ရောက်လာသည့် အချိန်တွင် နေအိမ်ဖောက်ထွင်းခံခဲ့ရကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

‘‘အိမ်ရှင်တွေက အိမ်ခြံမြေ နဲ့ ရွှေအရောင်းအဝယ်လုပ်တာ။ ၂၄ ရက်က ငွေဆောင်ကို တစ် မိသားစုလုံး ခရီးထွက်သွားပြီး ၂၆ ရက်မှာ ပြန်ရောက်လာတော့မှ သိတာ။ တရားခံကိုတော့ စုံစမ်း နေတုန်းပါပဲ’’ဟု သုဝဏ္ဏနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။

နေအိမ်ပိုင်ရှင်များ ပြန် ရောက်လာချိန်တွင် နေအိမ်အ ပေါ်ထပ်ရှိ တံခါးများ ပွင့်နေခြင်း ကို တွေ့ရှိခဲ့သဖြင့် နေအိမ်အ တွင်း ပစ္စည်းများကို လိုက်လံစစ် ဆေးရာ ဒေါ်ခင်စောယုဝင်း အိပ် ခန်းအတွင်းရှိ ဗီရိုထဲတွင် ထည့် ထားသည့် တစ်တုံးလျှင် ၁၀ ကျပ်သားခန့်ရှိသော ရွှေတုံး ၅၀ ခန့် ပျောက်ဆုံးနေသည့်အပြင် ငွေ စက္ကူရောရာ ကျပ် ၃၇ သိန်းပျောက်ဆုံးနေကြောင်း သိရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
ယင်းခိုးယူမှုနှင့်ပတ်သက်၍ သုဝဏ္ဏနယ်မြေရဲစခန်းက ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သုဝဏ္ဏနယ်မြေရဲစခန်း မှ သိရသည်။
7Day , RangonNewsDaily




0 comments:

Post a Comment

 
world time