တရုတ်ပြည် တောင်ပိုင်း Hubei ပြည်နယ် ယန်စီ မြစ်ပေါ်မှာ လူ ၄၅ဝ ကျော် တင်လာတဲ့ Eastern Star ခရီးသွား သင်္ဘော မှောက်ပြီး နစ်မြုပ်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပါတယ်။
ခုထိ သင်္ဘော ကပ္ပတိန်နဲ့ စက်ခန်း အင်ဂျင်နီယာ အပါအဝင် လူ ၁၀ ဦးလောက်ကိုပဲ ကယ်ဆယ် နိုင်သေးပြီး လူ ၁ ဦးသေဆုံးကာ လူပေါင်းရာကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ Xinhua. သတင်းမှာ ဖော်ပြထားပါတယ်။ဒီသင်္ဘောဟာ နန်ကျင်းမြို့ကနေ ချုန်ကျင်းကို သွားတဲ့ သင်္ဘော ဖြစ်ပြီး မုန်တိုင်းမိပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ ခရီးသည် ၄၀၅ ဦး၊ ခရီးသွား အေဂျင်စီ ၀န်ထမ်း ၅ ဦးနဲ့ သင်္ဘောအမှုထမ်း ၄၇ ဦးပါရှိတယ်လို့ သိရပါတယ်။
-
အခု အခင်းဖြစ်ပွားရာ ကို တရုတ်ဝန်ကြီးချုပ် Li Keqiang သွားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ဖို့ အစိုးရက အဖွဲ့တဖွဲ့ကို စေလွတ်ထားတယ်လို့ ဆိုပါတယ်။
BBC , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment