Photo :: မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)
RangonNewsDaily::- 2 : May :- 2015
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၃၁)ရပ်ကွက် ဇေယျာဒီပ လမ်းရှိ အိမ် တစ်အိမ်တွင် ဘုရား စင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား ခဲ့ရာ အိမ်လေးလုံး မီးလောင်ဆုံး ရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက် ညနေ ၆ နာရီ ခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ် ပြီး တစ်နာရီခန့် ငြှိမ်းသတ်ခဲ့ရ ကြောင်း ယင်းအိမ်အနီးတွင် နေ ထိုင်သူ တစ်ဦးကပြောသည်။
‘‘ဘုရားစင်က စလောင် တယ်ဆိုတာပဲသိရသေးတယ်။ ၀ိုင်ယာရှော့ခ်လား၊ ဖယောင်းတိုင် မီးက စလောင်တာလားဆိုတာ တော့ စစ်ဆေးနေတုန်းပါပဲ’’ဟု (၃၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုတင့်လွင်ကပြောသည်။ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၃၁)ရပ်ကွက် ဇေယျာဒီပ လမ်းရှိ အိမ် တစ်အိမ်တွင် ဘုရား စင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား ခဲ့ရာ အိမ်လေးလုံး မီးလောင်ဆုံး ရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက် ညနေ ၆ နာရီ ခန့်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ် ပြီး တစ်နာရီခန့် ငြှိမ်းသတ်ခဲ့ရ ကြောင်း ယင်းအိမ်အနီးတွင် နေ ထိုင်သူ တစ်ဦးကပြောသည်။
-
ယင်းမီးလောင်မှုကြောင့် ထိ ခိုက်ဒဏ်ရာရရှိသူ မရှိသော် လည်း (၃၁)ရပ်ကွက် သခင်ဗစိန် လမ်းရှိ ဆောက်လက်စ ခြောက် ထပ်တိုက်ပေါ်မှ အမျိုးသားတစ် ဦး မီးလောင်မှုကို ကြည့်ရှုရင်း ပြုတ်ကျခဲ့သောကြောင့် ဆေးရုံ သို့ ပို့ပေးခဲ့ရကြောင်း ယင်းရပ် ကွက်တွင်နေထိုင်သူအချို့က ပြောသည်။
‘‘အဲဒီသတင်းကိုကြားတော့ ကြားတယ်။ ကောင်လေးက မူး နေတယ်လို့ ပြောတယ်။ အောက် က သဲပုံပေါ်ကိုကျလို့ သက်သာ တာ။ နာရေးကူညီမှု အသင်းက ကားနဲ့ လာခေါ်သွားတယ်လို့ ကြားတယ်’’ဟု ကိုတင့်လွင်က ပြောသည်။
-
အဆိုပါကန်ထရိုက်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူများက ‘‘ပြုတ်ကျတာ မဟုတ်ဘူး။ လဲနေလို့ အရေးပေါ် ကားပေါ် တင်ပေးလိုက်တာ’’ဟု ဆိုသည်။
7Day ::--KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment