Pages

Friday, May 29, 2015

မန္တလေး-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ် ၉၈/၅ အနီးမြစ်သာမန်း ခရီးသည်တင်ယာဉ် မီးလောင်


RangonNewsDaily:: May . 29 .2015
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မန္တလေး-ဂန့်ဂေါလမ်းရှိ မိုင်တိုင်အမှတ် ၉၈/၅ အနီးတွင် မေလ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မန္တလေးမှ ဂန့်ဂေါ်မြို့သို့ ပြေးဆွဲသော မြစ်သာမန်း ခရီးသည်ယာဉ်တစ်စီး မီးလောင်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဂန့်ဂေါမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“ကားအင်ဂျင်စက်ခန်းက ဝါယာရှော့ခ်ဖြစ်ပြီး မီးစလောင်တာ။ မီးလောင်အားက ပြင်းတော့ ခရီးသည်တွေလည်း ထိတ်လန့်ပြီး ကားပေါ်က အသက်လု ပြေးဆင်းခဲ့ရတယ်လို့ သိရတယ်။ မီးငြှိမ်းခဲ့တဲ့ စပယ်ယာ မီးလောင်ဒဏ်ရာ ရခဲ့ပေမယ့် ကျန်တဲ့သူတွေတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး” ဟု မီးသွားရောက် ငြှိမ်းသတ်ခဲ့သည့် ဂန့်ဂေါမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
::
မန္တလေးမှ ဂန့်ဂေါမြို့သို့ ခရီးသည် ၁၄ ဦး တင်ဆောင်မောင်းနှင်လာသော မြစ်သာမန်း ခရီးသည်တင်ယာဉ်မှာ မဲကျေးရွာနှင့် ကောင်းတုံကျေးရွာကြား အရောက်တွင် ယာဉ်နောက်ဘက်ရှိ အင်ဂျင်စက်ခန်းမှ ဝါယာကြိုးများ အပူလွန်ကဲကာ ရှော့ခ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ယာဉ်နှင့် ခရီးသည်တချို့၏ ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
::
“ကားမီးလောင်တော့ မဲရွာက လူတွေလာပြီး မီးငြှိမ်းပေးခဲ့လို့ နာရီဝက်အကြာမှာ မီးငြိမ်းခဲ့တယ်။ ခရီးသည်တွေကို ယာဉ်လိုင်းက အခြားယာဉ်တစ်စီး စီစဉ်ပေးပြီး ဂိတ်ထိ လိုက်ပို့ပေးခဲ့တယ်” ဟု ဂန့်ဂေါမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးသည်တင်ယာဉ် မီးလောင်ခဲ့သောကြောင့် ဂန့်ဂေါမြို့နယ်၊ မြောက်ကုန်းရပ်ကွက်တွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ်ရှိ ယာဉ်မောင်း ကိုဇော်ထွဋ်ကို (ပ) ၅၃/၁၅၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment