Pages

Wednesday, April 1, 2015

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း MAYSAK


RangonNewsDaily:: April . 1 .2015
အဆင့်-၄(CAT-4) အားကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာသည့် မေစပ်(MAYSAK-04W)CAT-4 တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာပြီး လေတိုက်နှုန်း 125 knots(တစ်နာရီ မိုင် ၁၄ဝ ကျော်)ရှိလာသည့် တိုင်ဖွန်းမုန်တိုင်း MAYSAK သည် ဧပြီလ ၁ ရက် မြန်မာစံတော်ချိန် ညနေပိုင်းမှ စတင်၍ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်သို့ ရောက်ရှိလာမည်ဟု TSR recent data တွင်ဖေါ်ပြထားပါသည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ရရှိသည့် ဂြိုလ်တုပုံရိပ်များအရ ထင်ရှားသော မုန်တိုင်း မျက်စေ့ ဖြစ်ပေါ်နေပြီဖြစ်ပါသည်။ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိလျှင် လေတိုက်နှုန်း တစ်နာရီ 140 knots(တစ်နာရီ မိုင် ၁၆ဝ ကျော်အထိ)ရှိလာပြီး GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်း ပုံဖေါ်ချက်၌ မုန်တိုင်းဗဟိုအနီး - 12.42° N, 137.56° E တွင် လှိုင်းအမြင့် ၁၃.၃၆ မီတာ ၄၃.၈၃၂ ပေ အထိ ရှိမည် ဖြစ်ကြောင်း တွေ့ရပါသည်။


MAYSAK သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ဧပြီလ ၄ ရက် ညနေပိုင်းမှ စတင်၍ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
::
ဧပြီလ ၃ ရက်နေ့မှ ဖိလစ်ပိုင်မြောက်ပိုင်းကမ်းခြေအား ချဉ်းကပ်ချိန်မှ စတင်၍ အားအနည်းငယ်လျော့ကျသွားပြီး အဆင့်-၂ - အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ကုန်းတွင်းအား ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC ခန့်မှန်းချက်များတွင်ဖေါ်ပြထားပါသည်။
::
မုန်တိုင်းအားကောင်းရာမှ အားအလွန်ကောင်းလာသည့် အခြေအနေကြောင့် မတ်လ ၃၁ ရက် ညနေပိုင်းမှ စတင်ကာ ညနေပိုင်း အချိန်များတွင် မြစ်ဝကျွန်းပေါ်ဒေသများနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့အထိ 18 knots(တစ်နာရီ မိုင် ၂ဝ နှင့် အထက်) လေပြင်းကျရောက်နိုင်မည့် အခြေအနေများရှိပါသဖြင့် ကြိုတင်သတိပြုကာကွယ်နိုင်ကြပါရန် အသိပေးတင်ပြအပ်ပါသည်။
ကြိုတင် ခန့်မှန်း ပုံဖေါ်ချက်များအား ဆက်လက်စောင့်ကြည့်ရယူပြီး တင်ပြပေးသွားပါမည်။

MMweather ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment