Pages

Monday, April 27, 2015

ပွိုင့် ၂၂၀၂ တိုက်ပွဲ တပ်မတော်ဘက်မှ ကျဆုံး၊ ဒဏ်ရာရမှုများရှိနေကြောင်း တရားဝင်ထုတ်ပြန်

RangonNewsDaily:: April . 27 .2015
အစိုးရတပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နှင့် လက်တစ်ကမ်းတိုက်ပွဲများ အ ပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မ တော်ဘက်မှ ကျဆုံးသူနှင့် ပျောက် ဆုံးသူအချို့ရှိခဲ့ကြောင်း တပ်မ တော်ပိုင်မြ၀တီသတင်းဌာနက ၂၆ ရက် ညတွင် သတင်းထုတ်ပြန် သည်။
သတင်းထုတ်ပြန်ရာတွင် ကိုးကန့်သောင်းကျန်းသူများနေ ရာယူထားသည့် ပွိုင့် ၂၂၀၂ တောင်ကုန်းကို နယ်မြေအခက်အ ခဲ၊ ရာသီဥတုဆိုးရွားမှုများကြားမှ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အရာရှိစစ်သည်အချို့ ကျဆုံးကာ အချို့ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိမှု လည်းရှိခဲ့ကြောင်း ပါရှိသည်။
::
သို့ သော် ကျဆုံး၊ ပျောက်ဆုံး၊ ဒဏ် ရာရ တပ်မတော်သားအရေအ တွက်ကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ ပေ။ ရန်သူဘက်မှ မြေအနေအ ထားအသာစီးရရှိထားပြီး ခံစစ် အဆင့်ဆင့်ပြု တိုက်ခိုက်နေကာတပ်မတော်အနေဖြင့် ထိုးဖောက် တိုက်ခိုက်ရာတွင် တစ်ဖက်နိုင်ငံ သို့ ကျည်များ မကျရောက်အောင် ထိန်းသိမ်းရ၍ စစ်နည်းဗျူဟာ ကျင့်သုံးမှုအပိုင်းတွင် အကန့်အ သတ်၊ အခက်အခဲများရှိနေ ကြောင်းလည်း ပါရှိသည်။


7Day Daily ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time