Pages

Saturday, April 11, 2015

ခရီးသည်တင်မှန်လုံယာဉ် ဂိတ်ကြေးကောက်ခံသည့် တိုးဂိတ်မှန်လုံခန်းကို ၀င်ရောက်တိုက်မိ


RangonNewsDaily:: April . 11 .2015
ဧပြီ ၈ ရက် နံနက် ၄ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂ဝ၁/၆)နေပြည်တော် တိုးဂိတ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်း သတင်းအရ ပလွေးအမြန် လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နေ ဦးဝင်းကိုကို( ၅၂ နှစ်)မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ရေဦးမြို့နယ် တင်းတိမ်ယံကျေးရွာနေ အောင်မျိုးထက်(၁၉ နှစ်) လိုက်ပါလာ သည် 9D/------နယူးစိန်ဌေးလှိုင်''ခရီးသည်တင်မှန်လုံယာဉ်သည် ဂိတ် ကြေးပေးဆောင်ရန် တိုးဂိတ်သို့ ဖြတ်သန်းဝင်ရောက်စဉ် ယာဉ်၏ ယာဘက်ဘေးရှိပွင့်နေသည့် ပစ္စည်း သိုလှောင်ခန်းတံခါးဖြင့် ဂိတ်ကြေး ကောက်ခံသည့် မှန်လုံခန်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရ သည်။ ထိုသို့တိုက်မိမှုကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မှန်လုံခန်း တစ်ခန်း၊ မှန်လုံခန်းအတွင်းရှိ ကွန်ပျူ တာတစ်စုံ၊ CCTV တစ်လုံး၊လေအေး ပေးစက်တစ်စုံတို့ ပျက်စီးဆုံးရှုံးခဲ့ သောကြောင့် ယာဉ်မောင်း ဦးဝင်း ကိုကိုနှင့် ပစ္စည်းသိုလှောင်ခန်းကို စနစ်တကျမပိတ်သူ အောင်မျိုးထက် တို့အား ပလွေးအမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

MOI , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment