Pages

Thursday, April 30, 2015

မိုဘိုင်းအင်တာနက် အတွက် 2 GB Plan ကို Telenor မှ ရောင်းချ


RangonNewsDaily:: April . 30 .2015
မိုဘိုင်းအင်တာနက် အသုံးပြုရန် 1 GB Plan အထိသာ ရောင်းချပေးခဲ့သော Telenor Myanmar သည် လက်ရှိအချိန်၌ 2GB Plan ကို ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။
မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနက် Telenor ၏ အင်တာနက် အသုံးပြုနိုင်သော Plan သည် အနည်းဆုံးသော Plan ဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Ooredoo က လစဉ်သုံး Plan အဖြစ် 10 GB ကို ရောင်းချပေးနေသည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လစဉ်သုံး Plan ကို 5 GB အထိ ပေးအပ်ထားပြီး Telenor သည် ၎င်း၏ အသုံးပြုသူများကို မတ်လအကုန်ပိုင်းမှ စတင်၍ 2 GB Plan ကို အသုံးပြုခွင့်ပေးခြင်းဖြစ်သည်ဟု သိရသည်။
::
Telenor ၏ ကြေညာချက်အရ ၎င်းတို့သည် လစဉ်သုံး 2 GB Plan ကို အမြန်နှုန်း 2 Mbps ပေးအပ်ထားပြီး ဈေးနှုန်းကို ၁၁,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။

Ooredoo Myanmar အနေဖြင့် ၎င်းတို့၏ အင်တာနက်အမြန်နှုန်းသည် 14 Mbps ရှိသည်ဟု သတင်းထုတ်ပြန်ထားပြီး လစဉ်သုံး 2 GB Plan ကို ဈေးနှုန်း ၁၂,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရ သည်။ အလားတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၎င်းတို့၏ အမြင့်ဆုံးသော လစဉ်သုံး 5 GB Plan ကို ၂၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး Ooredoo Myanmar က 5 GB Plan ကို ၂၉,၉၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။
::
Telenor အနေဖြင့် ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်းကို ထိုင်းနိုင်ငံဘက်မှ ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်နိုင်ခဲ့သည့် နောက်ပိုင်း မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုသူများကို 2 GB Plan တိုးမြှင့်ပေးခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း၌ Bandwidth ပမာဏ 10 GB ကို ပထမအဆင့် ချိတ်ဆက် အသုံးပြုခဲ့သည်ဟု သိရသည်။
::
လက်ရှိအချိန်၌ Ooredoo Myanmar သည် Telenor နည်းတူ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ချိတ်ဆက် အသုံးပြုခဲ့သော Bandwidth ပမာဏကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ ဆက်သွယ်ရေး အော်ပရေတာများအနက် Bandwidth အများဆုံး ပိုင်ဆိုင်သူမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဖြစ်ကြောင်း သိရသည်။

KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment