Wednesday :- 18 : March :- 2015
ဗန်နူအာတူ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် နိုင်ငံ အနောက်မြောက်ဘက် ကျွန်းတစ်ကျွန်းပေါ်က လူတွေဟာ အန္တရာယ်ရှိတဲ့ ဆားငန်ရေတွေကို သောက်နေ ကြရတယ်လို့ ဘီဘီစီက စုံစမ်း သိရှိရပါတယ်။
မိုဆို ကျွန်းပေါ်က နေထိုင်သူတွေဟာ သူတို့ရဲ့ စိုက်ခင်းတွေ ပျက်စီးကုန်တဲ့ အတွက် သောက်သုံးရေနဲ့ အတူ အစားအစာပါ ပြတ်လပ်နေပြီး ပြင်ပက ရောက်လာမယ့် အကူအညီတွေကို စောင့်မျှော်နေရပါတယ်။ဗန်နူအာတူ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက် နိုင်ငံ အနောက်မြောက်ဘက် ကျွန်းတစ်ကျွန်းပေါ်က လူတွေဟာ အန္တရာယ်ရှိတဲ့ ဆားငန်ရေတွေကို သောက်နေ ကြရတယ်လို့ ဘီဘီစီက စုံစမ်း သိရှိရပါတယ်။
အကူအညီပေးရေး အဖွဲ့တွေက နိုင်ငံအနှံ့က ကျွန်းငယ်တွေဆီ သွားရောက်ဖို့ ကြိုးစားကြပေမယ့် ရေလွှမ်းမိုးမှုကြောင့် တချို့နေရာတွေမှာ လေယာဉ်တွေ ဆင်းလို့ မရဘူးလို့ ဆိုပါတယ်။
သောက်သုံးရေ ပြတ်လပ်မှုနဲ့ အတူ သောင်းနဲ့ ချီတဲ့ လူတွေအတွက် အမိုးအကာနဲ့ အစားအစာတွေ လိုအပ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။
BBC , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment