Pages

Thursday, January 22, 2015

မယ်စကြ၀ဠာနှစ်ဦး၏ Selfie ကြောင့် အွန်လိုင်းတွင် အုတ်အော်သောင်းတင်းဖြစ်


RangonNewsDaily:: January . 22 .2015
လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ မကောင်းလှသည့် အချိန်၌ လက်ဘနွန်အလှမယ် က အစ္စရေးအလှမယ်နှင့် အတူပြုံး လျက် ရိုက်ထားသော Selfie ကို အွန်လိုင်းတွင် ဝေမျှလိုက်သဖြင့် အုတ်အော်သောင်းတင်းဖြစ်သွား ခဲ့သည်။

အစ္စရေးမယ် ဒိုရွန်မာတာ လွန် (၂၁) နှစ်က ၎င်း၏ Insta-gram အကောင့်တွင် လက်ဘ နွန်မယ် ဆာလီဂရီဂျီနှင့်အတူ (ဆ လိုဗေးနီးယားမယ်နှင့် ဂျပန်မယ် များလည်း ပါဝင်) မီယာမီ၌ မယ် စကြ၀ဠာပြိုင်ပွဲဝင်နေစဉ် Selfie ရိုက်၍ အွန်လိုင်းတွင် ဖော်ပြခဲ့ ခြင်းဖြစ်သည်။

ယင်းဓာတ်ပုံတင်လိုက်ပြီး ချက်ချင်းဆိုသလို ဒေါသထွက်နေ သည့် လက်ဘနွန်အင်တာနက် သုံးသူများစွာက ‘‘နင် လက်ဘနွန် ကို ကိုယ်စားမပြုဘူး’’ ဟု တုံ့ပြန် ခဲ့ကြသည်။

ယင်းအကြောင်းအရာမှာ တွစ်တာဝက်ဘ်ဆိုက်တွင် လူ ပြောများသောကိစ္စတစ်ခု ဖြစ် သွားသည်။
သို့သော် လက်ဘနွန်မယ်၏ ပရိသတ်များက ၎င်းကို ကာကွယ် ပြောဆိုကြပြီး အားပေးသော မက် ဆေ့ခ်ျများ ရေးသားခဲ့ကြသည်။

‘‘ဒါက အလှမယ်ပြိုင်ပွဲပါ။ နိုင်ငံတွေ စစ်ပွဲမဟုတ်ဘူး။ အေး ဆေးပေါ့။ ငါတို့အားလုံး နင့်ကို အားပေးပြီး ချစ်ခင်ပါတယ်’’ ဟု ပရိသတ်တစ်ဦးက ရေးသား သည်။

အစ္စရေးမယ်ကလည်း ယင်း အကြောင်းအရာနှင့်ပတ်သက်၍ မအံ့သြမိဟု ဖေ့စ်ဘွတ်ခ်တွင် တုံ့ ပြန်ရေးသားခဲ့သည်။

Ref: BBC , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment

 
world time