Pages

Saturday, January 3, 2015

မိကျောင်းကန်အရေး ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲခံထားရသူ ကိုဝေဠုက ဖမ်းဆီးခေါ်ဆောင်သူများကို တရားပြန်စွဲမည်

RangonNewsDaily:: January . 3 .2015
မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြှောက်ပြုလုပ်သည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသူ ကိုဝေဠုက ၎င်းကို ဖမ်းဆီး ခေါ်ဆောင်သွားသူများအား ပြန်လည်တရားစွဲဆိုသွားမည်ဟု ဇန်န၀ါ၇ီလ ၂ရက် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် မီဒီယာများသို့ ပြောကြားလိုက်သည်။

ကိုဝေဠုက “မိကျောင်းကန်ကိစ္စ ကူညီဖြေရှင်ပေးတဲ့ ကျွန်တော့်ကို နိုင်ငံတော်အကြည်အညို ပျက်စေမှုဖြင့် စွဲချက်တင်ပြီး တရားစွဲထားတယ်။ လာမယ့် ရုံးချိန်းမှာ ဘယ်သူက အကြည်အညိုပျက်စေလဲ၊ တရားဥပဒေဘောင်ကို ကျော်ပြီး ရဲအရေးမပိုင်တဲ့ ပုဒ်မ ၅၀၅(ခ)ကို ဖမ်းဝရမ်း မပါဘဲ ဖမ်းခဲ့တာ ဘယ်သူတွေလဲ ဆိုတာ နောက်ရုံးချိန်းမှာ ပြန်ပြီး တရားစွဲပါမယ်”ဟု မီဒီယာများသို့ ပြောသည်။

ကိုဝေဠုအား ကျောက်တံတားမြို့နယ်ရဲစခန်းမှ ဒုတိယရဲမှူးမှ တရားလိုပြုကာ ပုဒ်မ- ၅၀၅ (ခ)ဖြင့် တရားဆွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါအမှုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က အကျိုးတောင်ဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ဦးရောဘတ်ဆန်းအောင်က “တရားစွဲဆိုထားတဲ့ ဥပဒေပုဒ်မ ၅၀၅(ခ)က တရားရုံးရဲ့ ဝရမ်းကို ယူရမှာ၊ အခုတရား ရုံးရဲ့ဝရမ်းကို မယူဘဲနဲ့ လုပ်တာက ဥပဒေနဲ့ မညီဘူး။ မတရားဖမ်းဆီး ချုပ်နှောင်တဲ့ သဘောဆောင်တယ်။ ကိုဝေဠုရဲ့ ဆန္ဒအရလာမယ့် ရုံးချိန်းမှာ မတရားဖမ်းဆီးချုပ်နှောင် မှုနဲ့ ပြန်ပြီး တရားစွဲဖို့ အစီအစဉ်ရှိတယ်”ဟု ပြောသည်။

ကိုဝေဠုအား မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြောက်ပြု လုပ်သည်ဟုဆိုကာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၈ရက် ည ၈ နာရီခွဲခန့်က ကျောက်တံတားမြို့နယ် ရဲစ ခန်းမှ ဒု-ရဲမှူးဦးတင်လှ ဦးဆောင်သည့် အဖွဲ့က ဖမ်းဆီခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် ကျောက်တံတား မြို့နယ် တရားရုံးတွင် ပုဒ်မ- ၅၀၅ (ခ)ဖြင့် တရားစွဲထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဖမ်းပြီးမှ အမှုဆင်တယ်ဆိုတာက ရဲလုပ်ထုံးလုပ်နည်း မကျသလိုဘဲ၊ ဥပဒေနဲ့လည်း မညီဘူး၊ ဥပဒေ နဲ့ မညီတဲ့ ကိစ္စတွေကို မလုပ်သင့်ဘူး။ အဲဒီလိုလုပ်တာ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”ဟု ၎င်းက ပြောသည်။

ကိုဝေဠုအား မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို သွေးထိုးလှုပ်ဆော်သည် ဟုဆိုကာ မည်သည့်အချက်က တွေးထိုးလှုပ်ဆော်သည်ကို ဒုရဲမှူး ဦးတင်လှအနေဖြင့် ပြောနိုင်စွမ်း မရှိဟု ၎င်းက ထံမှသိရသည်။

ကိုဝေဠုအား ဇန်န၀ါရီလ ၁၆ရက်တွက် ရုံးချိန်း ပြန်လည် ချိန်းဆိုထားခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ရက်က လက်ပံတောင်းဒေသမှ ကျည်ဆံမှန်ပြီးသေသွားသည့် ကျေးတော သူမကြီးတစ်ဦးနှင့် ပတ်သက်ပြီး ကိုဝေဠုက ရုံးချိန်အပြီးတွင် ကဗျာတစ်ပုဒ်ရွတ်ဆိုခဲ့သေးသည်။

ကိုဝေဠုသည် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

မဇ္ဈိမ , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment