Pages

Thursday, January 8, 2015

ဘာကာဂိုးသမား ဗယ်လ်ဒက်စ်ကို မန်ယူခေါ်ယူ


RangonNewsDaily:: January . 8 .2015
ဘာစီလိုနာဂိုးသ မားဟောင်း ဗစ်တာဗယ်လ်ဒက်စ် ကို ၁၈ လစာချုပ်ဖြင့် ခေါ်ယူရေး မန်ယူအသင်းက ကြေညာတော့ မည်ဖြစ်သည်။ ဒူးဒဏ်ရာရရှိပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝ ရေး လုပ်ဆောင်ရာတွင် ဗယ်လ် ဒက်စ်မှာ လူးဝစ်ဗန်ဂါးလ်၏ မန်ယူအသင်းနှင့် လာရောက်လေ့ကျင့် နေသည်။

မန်ယူအသင်းကလည်း ၂၀၁၆ တွင် သက်တမ်းကုန်ဆုံး မည့် စာချုပ်တစ်ရပ်ဖြင့် စပိန်လက်ရွေးစင် ဗယ်လ်ဒက်စ်အား ကမ်းလှမ်းရန် ဆုံးဖြတ်ထားသည်။

ဗယ်လ်ဒက်စ်မှာ အစောပိုင်း တွင် ဒူးဒဏ်ရာပြန်လည်သက်သာရေးအတွက် မန်ယူလေ့ကျင့်ရေးကွင်းသို့ ၂၀၁၄ အောက်တိုဘာက စတင်ရောက်ရှိလာပြီး နည်းပြ ဗန်ဂါးလ်ကလည်း ဗယ်လ်ဒက်စ်နှင့် မိမိကြား ဆက်ဆံရေးကောင်းရှိ သည်ဟု ပြောကြားထားသည်။

သို့သော် ဗယ်လ်ဒက်စ်အား မန်ယူက ခေါ်ယူမည်လားဆိုသည် ကို ဗန်ဂါးလ်က ပြောကြားခြင်းမ ရှိပေ။ လီဗာပူးအသင်းက နွေရာ သီတွင် ဗယ်လ်ဒက်စ်ကို ခေါ်ယူ မည်ဟု သတင်းထွက်လာချိန်ကျမှ မန်ယူက ဗယ်လ်ဒက်စ်ကို ခေါ်ယူ လိုက်ခြင်းဖြစ်ပြီး ယင်းကြောင့် ဒီဂီယာ၏ နံပါတ်(၁)နေရာ ယှဉ်ပြိုင်မှုရှိလာမည်ဖြစ်သည်။

Ref: Goa , 7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time