Pages

Saturday, January 31, 2015

ဗိုလ်ချုပ်ရာပြည့် အခမ်းအနား ရန်ကုန်တွင် လမ်းမပေါ်၌ ပြုလုပ်မည်ဆိုပါက ခွင့်မပြု

RangonNewsDaily:: January . 31 .2015
ရန်ကုန်တိုင်းဒေသကြီး အတွင်း ဗိုလ်ချုပ်ရာပြည့်အခမ်း အနားကျင်းပပြုလုပ်ရန် လျှောက် ထားရာတွင် လမ်းမပေါ်ပြုလုပ် မည်ဆိုပါက ခွင့်ပြုပေးမည်မ ဟုတ်ကြောင်း သတင်းရရှိသည်။

ယာဉ်ကြောပိတ်ဆို့မှုမဖြစ် ပေါ်စေရန် အခမ်းအနားပြုလုပ်မည့်နေရာကို ကန့်သတ်ခြင်းဖြစ်ပြီး ခန်းမများနှင့် အခြားနေရာများတွင် ပြုလုပ်ရန် လျှောက်ထားမှုများ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးစောထွန်းအောင်မြင့်က ပြောသည်။

‘‘တခြားအကြောင်းကြောင့် ခွင့်မပြုတာမရှိပါဘူး။ အားလုံးကို ခွင့်ပြုပေးတယ်။ လမ်းမပေါ်လုပ် ရင် ယာဉ်သွားလာမှုကို အနှောင့် အယှက်ဖြစ်မှာစိုးလို့ အဲဒါကို ခွင့် မပြုရခြင်း ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရာ ပြည့်အထိမ်းအမှတ်အခမ်းအနား များ ပြုလုပ်ရန် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များက အများစုပြုလုပ်ရန် စီစဉ်နေကြပြီး ယခုနှစ်ဆန်းမှစတင်ကာ လျှောက်ထားများပြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘အခု အချိန်အထိ အခက် အခဲမရှိပါဘူး။ ရာပြည့်ပွဲကို ခမ်း ခမ်းနားနားဖြစ်အောင် လုပ်သွား မယ်။ အားလုံးပူးပေါင်းပါဝင်နိုင် အောင်ပေါ့’’ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဗိုလ်ချုပ်ရာပြည့် ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦး ညီပုက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပ ရေးကော်မတီအနေဖြင့် ဖေဖော် ၀ါရီ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်အ တွင်း နေရာ နှစ်ခုသတ်မှတ်ကာ ဖျော်ဖြေရေး၊ စတုဒိသာနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဗိုလ်ချုပ်ရာပြည့်ပွဲနဲ့ အတူ ပူးတွဲလုပ်မယ့် အစီအစဉ်တွေ လည်းရှိတယ်။ ဖေဖော်ဝါရီ ၁၂ ရက်ဆိုရင် ပြည်ထောင်စုနေ့အခမ်းအနားကို သက်သက်ထည့်သွင်းကျင်းပမယ်။ ၁၃ ရက်ဆိုလည်း ဗိုလ်ချုပ်မွေးနေ့နဲ့အတူ ကလေးများနေ့ အခမ်းအနားကိုပါ ပြုလုပ်သွားမှာပါ’’ဟု ဦးညီပုက ရှင်းပြသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment