Pages

Thursday, January 15, 2015

တောင်ကြီးဖဝါးအောက်ရောက်တော့မှာလား


Thursday :- 15 : January :- 2015
အမေရိကန်နိုင်ငံ ကယ်လိုဖိုးနီးယားပြည်နယ်က ကမ္ဘာကျော် ယိုဆမ်မီတီ အမျိုးသား ဥယျဉ်ကြီးထဲမှာရှိတဲ့ မီတာ၉၀၀ သို့မဟုတ် မိုင်ဝက်ကျော် အမြင့်ရှိတဲ့ ကျောက်ဆောင်ကြီးထိပ်ကို ရောက်ဖို့ လူနှစ်ဦး ကြိုးစားနေတာ သီတင်းနှစ်ပတ်ရှိသွားပါပြီ။
တော်မီ ကက်ဝဲလ်နဲ့ ကဲဗင်ရိုဟမ်ဆင် တို့နှစ်ဦးဟာ မတ်ဆောက်တဲ့El Capitan အယ်လ်ကက်ပီတန် ကျာက်တောင်နံရံကိုတွဲကပ်ပြီး လက်ချောင်းထိပ်ဖျားနဲ့ ကုတ်ကပ်ပြီး တရွေ့ရွေ့နဲ့တက်နေကြတာ အခုဆို တောင်ထိပ်ပေါ်ရောက်ဖို့ အတော်လေးနီးစပ်လာပါပြီ၊ ဒီနှုန်းအတိုင်းသာတက်နိုင်မယ်ဆိုရင် သူတို့ဟာ ဗုဒ္ဓဟူးနေ့မှာ ကျောက်တောင်ကြီးထိပ်ကိုရောက်နိုင်မှာပါ။


သူတို့က နေဒဏ်က သက်သာအောင်လို့ ညအချိန်မှာလည်း တောင်တက်ကြပါတယ်။ အိပ်စက်တဲ့အခါမှာလည်း ကျောက်ဆောင်နံရံမှာ ရွက်ဖျဉ်တဲချိတ်ပြီး လေတဟူးဟူးတိုက်နေတဲ့ကြားကပဲ အိပ်စက်ကြပါတယ်။


ဗုဒ္ဓဟူးနေ့မှာသူတို့ ကျောက်တောင်ထိပ်မှာ ခြေချနိုင်ပြီဆိုရင်တော့ ပထမဆုံးအကြိမ် အယ်လ်ကက်ပီတန် ကျောက်တောင်ကြီး လူ့ခြေဖဝါးအောက်ရောက်သွားပြီလို့ ကြွေးကျော်နိုင်ပြီ။

BBC , KOLATT(PBDN)
RangonNewsDaily 




0 comments:

Post a Comment