Pages

Saturday, January 10, 2015

ဓားစာခံ ဖမ်းဆီးမှု ၂ နေရာမှာ ပြင်သစ် ကြုံနေ


RangonNewsDaily:: January . 10 .2015
ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက်ကို ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ယောက်ကို ပြင်သစ် နိုင်ငံ မြောက်ပိုင်းက Dammartin-en-Goele မြို့မှာ ရဲတွေဝိုင်းမိထားချိန်မှာပဲ ပဲရစ်မြို့ပေါ်
က ဂျူး ဈေးဝယ်စင်တာတစ်ခုကို နောက်ထပ် သေနတ်သမားတစ်ယောက်က ဝင်စီးပြီး ဓားစာခံတွေ
ကို ဖမ်းဆီး ထားပါတယ်။
မဂ္ဂဇင်းတိုက်ကို ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ယောက်ဟာလည်း ပဲရစ်မြို့ အရှေ့မြောက်ပိုင်း ၃၅ ကီလိုမီတာ ဝေးတဲ့ ဒါမာတန် မြို့မှာ ဓားစာခံ တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။

ဓါးစာခံ အနည်းဆုံး တစ်ယောက်ကို ဖမ်းထားတဲ့ ပြင်သစ် နိုင်ငံသား အယ်လ်ဂျီးရီးယား ကွာရှီ Kourachi ညီအစ်ကို သေနတ်သမား နှစ်ယောက်က ရဲတွေအတင်းဝင်ရောက် စီးနင်းမယ်ဆိုရင် ဓါးစာခံကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
::
သေနတ်သမားတွေ စီးနင်းသိမ်းပိုက်ထားတဲ့ ဂျူးရပ်ကွက်က ဆူပါမာကက်ထဲမှာ ပစ်ခတ်သံတွေ ကြားရပြီး လူ၅ ယောက်သေဆုံးသွားတယ်လို့ သတင်းတရပ်ကဆိုပါတယ်။ ပဲရစ်မြို့ အရှေ့ပိုင်းမှာ ရှိတဲ့ Vincennes အရပ်က အရပ်သူအရပ်သားတွေကို ရွှေ့ပြောင်းထားပြီး ရဲတွေက ဈေးဆိုင်ကို ဝိုင်းထားပါတယ်။
::

BBC Burmese ::--KOLATT(PBDN)
RangonNewsDaily
 ပုံစာ- သေနတ်သမား နှစ်ယောက် ခိုအောင်းနေတဲ့ ဒါမာတန်မြို့က ပုံနှိပ်လုပ်ငန်း အဆောက်အအုံ။

  ပုံစာ- သေနတ်သမား နှစ်ယောက် ခိုအောင်းနေတဲ့ ဒါမာတန်မြို့က ပုံနှိပ်လုပ်ငန်း အဆောက်အအုံ။

 ပုံစာ- သေနတ်သမား နှစ်ယောက် ခိုအောင်းနေတဲ့ ဒါမာတန်မြို့က ပုံနှိပ်လုပ်ငန်း အဆောက်အအုံ။

0 comments:

Post a Comment

 
world time