RangonNewsDaily:: December . 20 .2014
လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရောင်းချရန်အတွက် အကျိုးတူပူးပေါင်းလုပ်ကိုင်ခွင့်ကိုPuma Energy
ကုမ္ပဏီကရရှိသွားကြောင်း မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ယနေ့ရက်စွဲဖြင့်
ထုတ်ပြန်ကြေညာသည်။
လေယာဉ်ဆီဖြန့်ဖြူးရောင်းချခြင်းကို ယခင်က စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်သာ လုပ်ကိုင်ကုမ္ပဏီကရရှိသွားကြောင်း မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ယနေ့ရက်စွဲဖြင့်
ထုတ်ပြန်ကြေညာသည်။
ခဲ့ရာမှယခုနှစ် မေလမှ စတင်ကာ အကျိုးတူပူးပေါင်းလုပ်ကိုင်ရန်အတွက် ပထမဆုံးအနေဖြင့်
တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။
တင်ဒါခေါ်ယူရာတွင် နောက်ဆုံးအဆင့် အရည်အချင်းကိုက်ညီသည့် ကုမ္ပဏီ (၄)ခုရှိခဲ့ပြီး
ယင်းတို့အတွင်းမှ Puma Energyကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။
::
တင်ဒါအောင်မြင်ခဲ့သည့် Puma Energy နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း
ကာ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရန် သဘောတူစာချုပ်ချုပ်ဆိုခြင်းကိုမူ အမြန်ဆုံးညှိနှိုင်းချုပ်ဆို
သွားမည်ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးဌေးအောင်က ပြောကြားသည်။
::
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် အခြားသောလေဆိပ်များအတွက် လေယာဉ်ဆီတင်
သွင်းဖြန့်ဖြူးခွင့်အကျိုးတူဖက်စက်လုပ်ကိုင်ရန် တင်ဒါခေါ်ယူခြင်းကို ဆက်လက်လုပ်ဆောင်သွား
မည်ဟုသိရသည်။Puma Energy Group မှာစင်ကာပူတွင် ရုံးချုပ်ဖွင့်လှစ်ကာ ရေနံနှင့်သဘာဝ
ဓါတ်ငွေ့လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့်ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment