Pages

Tuesday, December 9, 2014

တက်တူး ဆိုင်များဖွင့်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းချမှုများ ရှိနေ

RangonNewsDaily:: December . 9 .2014
လူငယ်အများစု စိတ်ဝင်စားသည့် တက်တူးနှင့် ကားအလှဆင် စတစ်ကာဆိုင်တို့ ဖွင့်လှစ်ပြီး နောင်ကွယ်တွင် မူးယစ်ဆေး ဝါးရောင်းချမှုများ ရှိနေကြောင်း ချမ်းအေး သာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက တိုင်းလွှတ်တော် ပဉ္စမနေ့တွင် ပြောသည်။
“မူးယစ်ဆေးဝါး ရောင်းစားသူတွေဟာ လူငယ်တွေ စိတ်<င်စားတတ်တဲ့ တက်တူးဆိုင်၊ ကားအလှ စတစ်ကာ ဆိုင်တွေကို ဗန်းပြပြီး ရောင်းဝယ်နေကြတာကို လေ့လာတွေ့ရှိရတယ် ”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်တွင် ရတနာပုံ စစ်ဆင်ရေးတို့ဖြင့် အရှိန်ဟုန် မြှင့် ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် လူငယ်များကို အခြေပြုကာ လူငယ်အများစု သွားလာစုစည်းတတ်သည့် နေရာများတွင် မူးယစ်ဆေးဝါးရောင်းချခြင်း ရှိ/မရှိ အတည် ပြုစုံစမ်းခြင်းရှိပါက ဖမ်းဆီးအရေးယူခြင်း တို့ ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment