Pages

Tuesday, December 2, 2014

အဝေးပြေးယာဉ်များပေါ်တွင် ခရီးသည်အသွင်ဖြင့် အလစ်သုတ်မှုများ မကြာခဏဖြစ်ပွား

RangonNewsDaily:: December . 2 .2014
အဝေးပြေးယာဉ်များ ပေါ်တွင် ခရီးသည်အသွင်ဖြင့်အုပ် စုဖွဲ့အလစ်သုတ်ခိုးယူသည့်ဖြစ် စဉ်များ မကြာခဏ ဖြစ်လာသ ဖြင့် ပိုမိုသတိထားရန်ခရီးသည် များကို ယာဉ်လိုင်းများက သတိ ပေးပြောကြားထားသည်။
ရွှေ၊ ငွေနှင့်တန်ဖိုးကြီးပစ္စည်း များကို ခရီးဆောင်အိတ်များနှင့် ထည့်သွင်းသွားလာပါက သတိရှိရန်နှင့် ယာဉ်မထွက်ခွာမီ ခရီးသည်တက်စဉ် ခိုးဝှက်ခြင်းများနှင့် အုပ်စုဖွဲ့အလစ်သုတ်မည့်အဖွဲ့ က ကားလက်မှတ်ဖြတ်၍ ကား ပေါ်တွင် အခွင့်ကောင်းစောင့် သည့် အဆင့်ထိရှိလာကြောင်း နာမည်ကြီးယာဉ်လိုင်းများထံမှ သတင်းရရှိသည်။

‘‘ကားလက်မှတ်ဝယ်ပြီး ကားပေါ်ရောက်မှ လုပ်တာတွေ ရှိတယ်။ ကားစီးရင် မိမိတန်ဖိုးကြီး ပစ္စည်းပါရင် ဂရုစိုက်စေချင် တယ်။ ခရီးသည်လာစီးတဲ့အခါကျ သံသယမျက်လုံးနဲ့ အားလုံးကို ကြည့်လို့မရဘူး’’ဟုဂျေဂျေ အိတ်ပရက်စ် ယာဉ်လိုင်းမှ ကြီးကြပ်ရေးမှူး ဦးကျောက်ကပြောသည်။
::
အဆင့်မြင့်မော်တော်ယာဉ် အများစုတွင် လုံခြုံရေးကင်မရာ များတပ်ဆင်ထားသဖြင့် ကျူးလွန် သူများကို ဖမ်းမိနိုင်ရန်အထောက် အကူဖြစ်ခဲ့သော်လည်း ကျူးလွန် သူများသည် ဖုန်းနံပါတ်နှင့်မှတ်ပုံ တင်နံပါတ်အမှားများကိုသာ အ သုံးပြုလေ့ရှိကြောင်း ယာဉ်လိုင်း များကပြောသည်။

‘‘ခေါင်းဆောင်တစ်ယောက် ကဖုန်းပြောတယ်။ တပည့်က ခရီး သည်ယောင်ဆောင်ပြီး ကားပေါ် တက်ပြီး အိတ်ဖွင့်နေတုန်းမိတာ တွေရှိတယ်။ ရဲစခန်းရောက်တော့ သက်သေမရှိ ဖမ်းလို့မရဘူးဖြစ် နေတယ်။ ဟိုတစ်လောက ပုဂံမင်း သားဂိတ်မှာဖြစ်တော့ ပထမရဲစ ခန်းရောက်တဲ့အဖွဲ့ပဲဖြစ်နေ တယ်’’ဟု ဂျေဂျေယာဉ်လိုင်း ကြီးကြပ်ရေး မှူးဦးကျောက်က ပြောသည်။
::
ယာဉ်ပေါ်တွင် ညမီးအကုန် မဖွင့်ခြင်းကြောင့် ခိုးယူလိုသူများ အသုံးချရန်လွယ်နေပြီး လက်မှတ် ဖြတ်ပြီးခရီးသည်ယောင်ဆောင် ခြင်းကို ယာဉ်လိုင်းအများအပြားကြုံတွေ့နေရခြင်းဖြစ်ကြောင်း အကယ်ဒမီအဆင့်မြင့် အဝေး ပြေး ယာဉ်လိုင်း(ရန်ကုန်) ကြီးကြပ်ရေးမှူး ဦးမင်းမင်းကဆိုသည်။

အုပ်စုဖွဲ့အလစ်သုတ်ခိုးယူ သူများသည် ခရီးသည်အသွင်ဖြင့် ခရီးစဉ်တစ်လျှောက်လိုက်ပါစီး နင်းကာ ခိုးယူရမည့်ပစ်မှတ်ကို ရှာဖွေတတ်ပြီး အတူတကွလိုက် ပါစီးနင်းကာ ခိုးယူတတ်ကြသည်။
::
‘‘ခရီးသည်တွေက အရေးကြီးစာရွက်စာတမ်းတွေ၊ ရွှေငွေ တွေပါရင် ပေါ့ပေါ့ဆဆမဖြစ်ဖို့လို တယ်။ လွန်ခဲ့တဲ့ နှစ်လလောက် က တစ်ခါဖြစ်သွားသေးတယ်။ တခြားယာဉ်လိုင်းတစ်ခုမှာလည်း ဖြစ်သေးတယ်။ ရဲတွေကတော့ လက်တွေ့ကျကျမိတာမရှိသေး ဘူး’’ဟု အကယ်ဒမီအဆင့်မြင့်အ ဝေးပြေးယာဉ်လိုင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

7Day ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment